145.2

7.7K 1.4K 134
                                    

အပြင်ဘက်တွင် အန်ဒရီယာက g4213 နဂါးငွေ့တန်းမှ ပြန်ရောက်လာပြီဖြစ်သည်။ လိမ်ညာသည်ဟု ဖေးလ်စွပ်စွဲခံထားရမှုနှင့် ချင်းယွင်ပြောခဲ့သော စကားများက အန်ဒရီယာအပေါ် ဘာအနှောင့်အယှက်မှမဖြစ်စေပေ။

အဘယ့်ကြောင့်ဆိုသော် သူ၏လက်ထဲ၌ တပ်ဖွဲ့တစ်ရှိပြီး တစ်ချိန်ထဲမှာပင် သူက တပ်ဖွဲ့နှစ်၊ တပ်ဖွဲ့သုံးတို့၏ ဗိုလ်ချုပ်များနှင့်ရင်းနှီးသည်။ အန်ဒရီယာက တပ်ဖွဲ့တစ်၏ခေါင်းဆောင်ရာထူးကို ရစဉ်ကတည်းကပင် ကောင်စီဝန်ကြီးချုပ်ကို လျှို့ဝှက်ထိန်းချုပ်ထားရာ ကောင်စီတစ်ခုလုံးက သူ့ဘက်တွင်ပင်။

ဖေးလ်က သူနှင့်ပက်သက်မှုရှိပြီး လိမ်လည်မှုနှင့်မသင်ကာခံနေရကာ အန်ဒရီယာသည်လည်း သံသယအရှိခံရသူပင်။ မည်သို့ပင်ဆိုစေ အန်ဒရီယာက ထိုကိစ္စကို ခိုးကြောင်ခိုးဝှက် လုပ်ဆောင်ခဲ့ကာ လူမှုပတ်ဝန်းကျင်မှ သူ၏ရာထူးအဆင့်အတန်းကလည်း အရေးပါသေးသည်။ အန်ဒရီယာက မေးခွန်းအနည်းငယ်သာ အမေးခံရပြီး သံသယရှိသူစာရင်းမှ လွတ်သွားသည်။ သူက နောက်တက်မည့် ဧကရာဇ်အလောင်းအလျာလည်းဖြစ်လာသည်။

အဘယ့်ကြောင့်ဆိုသော် ရွေးချယ်ပွဲ၌  မယုံကြည်နိုင်လောက်အောင် စွမ်းအားပြခဲ့သူ၊ နောက်ဆုံးဆက်နွယ်သူ အီလော့စ်သည်လည်း ကြယ်သားရဲကောင်အား ချက်ချင်းလှုံ့ဆော်ရာတွင် ကျရှုံးခဲ့သည်ဟု ကောင်စီမှ ဆုံးဖြတ်လိုက်သည်။ အာဏာလုရန် အလောကြီးနေသောကောင်စီက အဒ်မန်နိုးလာမည်ဟုပင် မတွေးသကဲ့သို့ စည်းမျဉ်းများအတိုင်း သုံးနှစ်လည်းမစောင့်ပေ။ သူတို့က အန်ဒရီယာနန်းတက်ရေးကို အလျင်စလို ဆုံးဖြတ်ကာ သင့်လျော်သောအချက်အလက်များ တင်ပြခဲ့သည်။

ဤဆုံးဖြတ်ချက်ကို အဒ်မန်၏နောက်လိုက် ဝန်ကြီးများက ပြင်ပြင်းထန်ထန်ဆန့်ကျင်ကြသော်လည်း အန်ဒရီယာထံတွင် ကိုယ်ပိုင်အမာခံပံ့ပိုးသူများရှိပြီး အရှင်ဧကရာဇ်အိပ်ပျော်နေသည်မှာလည်း ကြာနေလေပြီ။ ထို့အပြင် ဧကရာဇ်အသစ်ကို လွန်ခဲ့သောနှစ်နှစ်ကတည်းပင် ရွေးကောက်ထားခဲ့သည်ဟု ကောင်စီကကောလဟာလလွှင့်ခဲ့ရာ ပြည်ထောင်စုသားများ အံ့အားသင့်သွားကြသော်လည်း များစွာမဆန့်ကျင်ကြပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now