52

8.5K 1.5K 149
                                    

ချင်းယွင်၏ မျက်နှာ၌ အပြုံးတစ်ပွင့်ပေါ်လာပြီး မြေကြီးပေါ်မှ မူးဝေနေသော ခိုကိုကောက်ယူကာ စခန်းချရာနေရာသို့ ဦးတည်သွားသည်။

လုံးဝခဲတောင့်နေသော လုချန်ဖုန်းက တဖြည်းဖြည်း ခေါင်းလှည့်ပြီး ချင်းယွင်၏ နောက်ကျောအား ကြည့်နေသည်။ ချင်းယွင်၏ ပုံမမှန်သော အပြုအမူများအားလုံးမှာ သူ့စိတ်ထဲတွင် နောက်ဆုံး၌ စပ်ဆက်မိသွားသည်။

သူအလိုရှိလျှင် ရေဘောလုံးထွက်လာလိမ့်မည်။ သူလိုချင်လျှင် မီးဘောလုံး ပေါ်လာလိမ့်မည်။ သူ့အဝတ်များကလည်း တနည်းနည်းဖြင့်သန့်ရှင်းသွားပြီးသူပြောလိုက်သည်နှင့် ငှက်ကလည်း အောက်ပြုတ်ကျလာသည်။ ဒီကလေးရဲ့ စွမ်းအင်က သူ့စိတ်နဲ့ အရာဝတ္ထုတွေကို ဖြစ်အောင်လုပ်နိုင်စွမ်းများလား။

ဤအကြောင်းတွေးရင်း လုချန်ဖုန်း၏ အသက်ရှူသံများ မတည်မငြိမ်ဖြစ်လာသည်။ ချင်းယွင်အား အံ့အားသင့်မှုများစွာဖြင့်၊ အနည်းငယ်သောလောဘဖြင့်ကြည့်နေသည်။ တကယ်ကြီး အဲ့ဒီ့စွမ်းရည်သာဆိုရင် သူ....

ချင်းယွင်က လုချန်ဖုန်းအား လျစ်လျူရှုထားပြီး ခိုကိုသူ့လက်ထဲကိုင်ကာ ကားဘက်သို့ ပျော်ရွှင်စွာ လမ်းလျှောက်သွားသည်။ သူက အပြင်ဘက်၌ အလုပ်များနေသော လူအုပ်ဘက်မှ ဖြတ်လာရပြီး သူ့လက်ထဲမှ ခိုညည်းသံက လူများ၏ အာရုံအား ဆွဲဆောင်လိုက်သည်။

ဒါ ဗီဇမပြောင်းသေးတဲ့ ခိုတစ်ကောင်မဟုတ်လား။

ချက်ချင်းပင် လောဘကြီးသော အကြည့်တန်းများက ချင်းယွင်ဆီကျောက်ချနေတော့သည်။ ဤလူများက အသင်းနှင့်အတူရှေ့ဆက်နေရပြီး သူတို့၏နေ့စဉ်အစားအစာကို ချွေချွေတာတာ ဝေပေးခံရသည်။ လူတစ်ယောက်ချင်းစီက တစ်နပ်သာစားရသည်။ ထို့ကြောင့် ချင်းယွင်၏ လက်ထဲမှ ခိုအားတွေ့သောအခါ သူတို့ပါးစပ်ထဲမှ တံတွေးများ ပန်းထွက်လာခြင်းကို မထိန်းနိုင်တော့ပေ။

"ကလေး၊ မင်းလက်ထဲက အဲ့ခိုကို ဘယ်ကရလာတာလဲ။ "နောက်ဆုံးတွင်တော့ တစ်စုံတစ်ယောက်က မအောင့်နိုင်ဘဲ မေးလိုက်သည်။

ချင်းယွင်က ထိုလူအား တစ်ချက်ကြည့်လိုက်ပြီးနောက် သူဘာမှမကြားခဲ့သလိုဖြင့် ရှောင်သွားသည်။ ထိုလူက သူ့အား မနေ့က မကြင်နာခဲ့သည်ကို သူမှတ်မိသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now