90

8.4K 1.5K 76
                                    

"အဲ့ဒိ ပါးစပ်နှစ်ပေါက်ကနေ အကုန်ဝန်ခံပြီးပြီလား။ " ဧကရာဇ်ဟုန်းမျင်က စားပွဲ၌ထိုင်ကာ မိန်းမစိုးဆုကို မေးလိုက်သည်။

"အရှင်ဧကရာဇ်ကြီး ခင်ဗျ၊ တကယ်တမ်းတော့ ထိုနှစ်ယောက်ကို မင်းသားကြီး စစ်ဆေးမေးမြန်းပြီးပြီ ဖြစ်ပါတယ်။ အဲ့ဒိတုန်းက မှတ်တမ်းကို မင်းသားကြီးနန်းဆောင်မှ မိန်းမစိုးချန်းက လာပို့ပေးသွားပါတယ်။ " မိန်းမစိုးဆုက စာရွက်တစ်ထပ်ကြီးကို ဆက်သလိုက်သည်။

စာရွက်ပေါ်မှ လက်ရေးကိုမြင်လိုက်သည်နှင့် ၎င်းကိုယန်ဆာမှ တစ်ချက်ချင်းရေးထားကြောင်း ဧကရာဇ်ဟုန်းမျင် ချက်ချင်းသတိထားမိလိုက်သည်။ စာရွက်ပေါ်မှ ထင်ရှားပြတ်သားသော လက်ရေးကိုကြည့်ရင်း ဤလူနှစ်ယောက်ထံမှ အမှန်တရားကိုမေးမြန်းနေစဉ်တွင် ဤကလေး၏နှလုံးသားထဲ မည်မျှဒေါသထွက်နေကြောင်း ဧကရာဇ်ဟုန်းမျင် အနည်းငယ်မှန်းဆမိသည်။

သူ့လက်ထဲမှ စာလွှာကိုကြည့်ရင်း ဧကရာဇ်ဟုန်းမျင်၏ မျက်လုံးများပို၍နက်ရှိုင်းလာသည်။ ယခုအချိန်တွင် သူ၏စိတ်က ဘဝအထွတ်အထိပ်သို့ ထူးဆန်းစွာ ပြန်ရောက်ရှိသွားပြီဖြစ်သည်။ စာလွှာပေါ်မှ စာလုံးတိုင်းက သူ့နှလုံးသားကို ငိုကြွေးစေသော်လည်း စာလွှာအနောက်ဆုံးမှ မင်မျဉ်းကြောင်းကို တွေ့သည်အထိ သူ၏ကိုယ်နေဟန်ထားကို ထိန်းထားနိုင်ခဲ့သည်။ ထို့နောက် သူ့မျက်တောင်များ တဖြတ်ဖြတ်လှုပ်လာသည်။

"ခမည်းတော်နဲ့ ဒီသားတော်ကြားက သားအဖချစ်ခြင်းမေတ္တာမှာ လွန်လေပြီးသောအခါကတည်းက လျော့ပါးသွားပြီဖြစ်ပါတယ်။"

စာလွှာပေါ်မှ ထင်ရှားပြတ်သားသော စုတ်ချက်များကို ထိကြည့်နေရင်း ဧကရာဇ်ဟုန်းမျင်၏မျက်ဝန်းများတွင် ဝမ်းနည်းမှုများ ပြည့်လာသည်။

မိန်းမစိုးဆုက ဆေးတစ်ခွက်ဖြင့် ဝင်လာသောအခါ ဧကရာဇ်ဟုန်းမျင်မှ နောက်ဆုံးစာမျက်နှာအား ကြည့်ရှုနေသည့်အချိန်နှင့် တိုက်ဆိုင်သွားကာ သွားရောက်နှစ်သိမ့်လိုက်သည်။ "အရှင် ဧကရာဇ်ကြီး ဒီဆေးရည်ကို သောက်လိုက်ပါ။ ဒီဆေးညွှန်းကို မင်းသားကြီး ခက်ခက်ခဲခဲ ရှာထားတာဖြစ်ပါတယ်။ ဒါက မင်းသားကြီးရဲ့ သားဝတ္တရားကျေပွန်မှုပါ။ "

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now