129

7.8K 1.4K 50
                                    

နိုင်ငံတကာဂီတပြိုင်ပွဲ၏ ဒုတိယမြောက်အလှည့်ယှဉ်ပြိုင်မှုနှင့် ဗိုလ်လုပွဲတို့မှာ အလွန်နီးကပ်နေသည်။ ပြိုင်ပွဲဝင်များ ပြင်ဆင်ရန်အတွက် နှစ်ရက်သာ အချိန်ပေးထားသည်။ ပြိုင်ပွဲပြီးနောက် ချင်းယွင်ကအနောက်သို့ လိုက်လာသော သတင်းထောက်များကို ဂရုမစိုက်ဘဲ အပြင်ဘက်မှ ဝေ့ချန်းရှုစောင့်နေသော ကားထဲသို့သာဝင်သွားသည်။

သူကားထဲသို့ဝင်လာသည်နှင့် အချိန်အတော်ကြာစောင့်ခဲ့ရသည့် ယောက်ျားက ရင်ခွင်ထဲဝင်လာသောဆယ်ကျော်သက်ကောင်လေးကို ဖက်လိုက်ပြီး နှုတ်ခမ်းများအား လှမ်းဖမ်းကာ ပြင်းပြင်းပြပြနမ်းလိုက်သည်။ "ကလေးလေး တင်ဆက်သွားတာ တအားကောင်းတယ်။ "

ဝေ့ချန်းရှုက ချင်းယွင်အား လောင်ကျွမ်းနေသောအကြည့်များဖြင့် ကြည့်နေသည်။ ဆယ်ကျော်သက်လေးမှ တေးသွားထဲ၌ ဖော်ပြခဲ့သော ခံစားချက်အမျိုးမျိုးကို သူကလွဲ၍မည်သူမျှ ပိုနားလည်မည်မဟုတ်ဟု သူခံစားရသည်။ အဘယ့်ကြောင့်ဆိုသော် ဘဝတိုင်း၌ သူ၏အစိတ်အပိုင်းများပါဝင်သည်။

"အင်းပါ။ " ချင်းယွင်က ထိုယောက်ျား၏ ထပ်ကိုင်းလာသော အမွေးပွပွခေါင်းကို တွန်းထုတ်လိုက်ပြီး အရှေ့မှကားမောင်းသမားအား ပြောလိုက်သည်။ "ရှန်တွေအိမ်ကို သွားမယ်။ အဲ့အိမ်နဲ့ အနီးဆုံး ဘတ််စ်ကား မှတ်တိုင်မှာရပ်ပေးပါ။"

ချင်းယွင်၏စကားများကို ကြားသည်နှင့် ဝေ့ချန်းရှုက သိသိသာသာ မျက်နှာပျက်သွားပြီး ချင်းယွင်အားဖက်ထားကာ သွားခွင့်မပြုပေ။

"မစိုးရိမ်ပါနဲ့။ ကျွန်တော် မကြာခင်ပြန်လာခဲ့မှာပါ။" ချင်းယွင်က ပြုံးရင်း ထိုယောက်ျား၏ခေါင်းကို ဖွဖွပုတ်နေသည်။ ထိုယောက်ျားက သူ၏ရူးသွပ်မှုအား မခြွင်းမချန်ပြသခြင်းကို ချင်းယွင်နှစ်သက်သည်။

ရှန်မိသားစုအိမ်၏အပြင်ဘက်သို့ ရောက်သည်နှင့် ချင်းယွင်က ထိတ်လန့်တုန်လှုပ်နေဟန်ဆောင်ကာ နှုတ်ပင်မဆက်ဘဲ အပေါ်ထပ်သို့ မြန်မြန်တက်သွားသည်။ သူက သူ့အခန်းသို့ ဝင်သွားကာ လှန်လှောရှာဖွေနေသည်။ ထို့နောက် သူကအခန်းထဲမှ ပြန်ထွက်လာကာ ရှန်မိသားစု၌ တစ်ဦးတည်းကျန်ခဲ့သော အစေခံအား မေးလိုက်သည်။ " တစ်ဆိတ်လောက်၊ မင်း ဒီအခန်းကို ရှင်းတုန်းက ငါ့ရဲ့သီချင်းစာရွက်တွေကို တစ်ရွက်မှ မတွေ့ခဲ့ဘူးလား။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now