31

9.6K 1.5K 27
                                    

Chris က စစ်ဆေးမေးမြန်းသည့်အခန်းဆီသို့ အပြေးတစ်ပိုင်းဖြင့် လျှောက်သွားသည်။

သို့သော်အခန်းတံခါးက ဟာလာဟင်းလင်းပွင့်နေပြီး အခန်းကဗလာဖြစ်နေသည်။ ကြိုးစင်ပေါ်တွင် တွဲလောင်းအဆွဲခံထားရသည့် ကောင်လေးကို ဘယ်မှာမှရှာမတွေ့ပေ။

"မဟုတ်ဘူး။ မဟုတ်ဘူး။ " Chris ၏နှလုံးခုန်သံများချက်ချင်းမြန်လာပြီး လျှောက်လမ်းဘက်ထွက်လာကာ ကြယ်ဓားပြတစ်ယောက်ကို လည်ပင်းမှတရကြမ်းဆုပ်ကိုင်ပြီး အော်မေးလိုက်သည်။ "Jorah ဘယ်မှာလဲ။ Jorah ဘယ်မှာလဲ။ "

ကြယ်ဓားပြက သူ့ကြောင့်ကြောင်အသွားသည်။ သူက Chris၏ မျက်လုံးရဲရဲဖြင့် ရူးသွပ်နေသော ပုံစံကို ဘယ်တုန်းကမှ မမြင်ဘူးပေ။ သူက လားရာတစ်ခုဆီ ညွှန်ပြလိုက်သည်။ "သူတို့ သူ့ကို ခေါင်းဆောင်ရဲ့အခန်းဆီခေါ်သွားပြီး ကာမအားတိုးဆေး သုံးမလို့..."

Chris ၏အမူအရာက ဆိုးရွားသွားပြီး ဘေးမှကြယ်ဓားပြကို လွှဲရိုက်လိုက်ကာ Apollon ၏အခန်းဆီပြေးသွားသည်။

ကြမ်းပြင်ပေါ် လဲကျသွားသော ကြယ်ဓားပြက သူ့လည်ပင်းကို စိတ်ရှုပ်ထွေးစွာ ထိကိုင်လိုက်ပြီး တွားသွားကာ ၂လှမ်းလှမ်းပြီးမှ အသိစိတ်ပြန်ဝင်ပြီး အော်လိုက်သည်။ "Chris က ထဖောက်နေပြီ။ သူ့ကိုတား "

ချက်ချင်းပင် လျှောက်လမ်းမှ လူတိုင်းကနိုးကြားလာပြီး သူတို့၏ လက်နက်များဖြင့်  Chris ကိုချိန်ထားသည်။

Chris ကတုန့်ဆိုင်းမသွားဘဲ လက်မြှောက်လိုက်ကာ သူ့လည်ပင်းပတ်လည်မှ အကာအကွယ်ဝတ်စုံကို ဖြဲလိုက်သောအခါ Alpha တစ်ယောက်၏ ဟော်မုန်းဖိအားက လျှောက်လမ်းတစ်လျှောက် ပျံ့နှံ့သွားသည်။

သေနတ်များလေထဲချိန်ထားသော ကြယ်ဓားပြများက ထိုကြားဖြတ်ဖိအားကြောင့် စက္ကန့်ပိုင်းမျှ တုန့်ဆိုင်းသွားသည်။သို့သော် ထိုစက္ကန့်ပိုင်းလေးအတွင်းမှာပင် Chris ကသူတို့လည်ပင်းများကို ရိုက်ချကာ လက်နက်များကို လုယူလိုက်သည်။

ရူးသွပ်နေသော တောရိုင်းကောင်ကြီးကဲ့သို့ပင် Chris ကသူ၏တည်ငြိမ်မှုများ၊သတိများေပျာက်ကွယ်သွားကာ ရူးသွပ်မှုသာ ကျန်ခဲ့သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now