16

11.6K 1.6K 54
                                    

ယခင် Zou မိသားစုခေါင်းဆောင်က မိန်းမလိုက်စားသူ ဖြစ်ပြီး မရေမတွက်နိုင်သော တရားမဝင်ကလေးများစွာ ချန်ထားခဲ့သည်။ သို့သော် Zou Qiyao တစ်ယောက်ထဲကသာ Zou Chen ၏ အနှစ်သက် ခံရသည်။

Xiao Chengzhe နှင့် Zou Qiyao တို့က ကိုယ်ကျင့်စရိုက်ချင်း မတူကြသော်လည်း သူတို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံပြီးနောက် ချက်ချင်း မျက်မှန်းတန်းမိသွားပြီး ညီအစ်ကိုအရင်းကဲ့သီု့ ရင်းနှီးသွားသည်။ ဤကမ္ဘာတွင် Zou Chen မတော်တဆတစ်ခု ကြုံပြီးနောက် Zou အဖွဲ့အစည်းကို Zou Qiyao ဆီလွှဲခဲ့သည်။

သို့သော် စားဖို့ ၊ အရက်သောက်ဖို့၊ ပျော်ပါးဖို့သာ သိသော Zou Qiyao က မကြာခင်သူ့ဦးလေးများ၏ အပြစ်ရှာခံခဲ့ရသည်။ Zou Qiyao က ရွေးစရာမရှိဘဲ Xiao ဆေးဝါးကုမ္ပဏီကို ရယူပြီးဖြစ်သော Xiao Chengzhe ထံမှ အကူအညီယူခဲ့ရသည်။

အပြင်လူတစ်ယောက်ဖြစ်သော Xiao Chengzhe က Zou Qiyao ၏အကူအညီဖြင့် Zou အဖွဲ့အစည်းထဲ ဝင်နိုင်ကာ Zou ၏ တကယ့်ခေါင်းဆောင် ဖြစ်လာခဲ့သည်။

အခြားတစ်ဖက်တွင် Zou Qiyao ကလည်း သူ၏ ဒုတိယဘိုးဘေးဖြစ်ရခြင်းကို ကျေနပ်ခဲ့သည်။

ထိုကဲ့သို့သော ထူးခြားသည့် အခွင့်အရေးဖြင့် Xiao Chengzhe က ကမ္ဘာ့ထိပ်တွင် ရပ်တည်နိုင်ခဲ့သည်။ Xiao Chengzhe ကို ' အပြစ်ပြုမိ ' သော Xiao Chengnuo နှင့် သူ၏ မိဘများကတော့ ရေတံလျှောက်မှ ကြွက်များကဲ့သို့သာ နေနိုင်ခဲ့ကြသည်။

" Qiyao ခင်ဗျားဒီနေ့ ဘာလို့နောက်ကျနေရတာလဲ။ " Xiao Chengzhe က ပြုံး၍ နှုတ်ဆက်သည်။

" အဲ့အကြောင်း မပြောပါနဲ့။ " Zou Qiyao က သူ့ဦးထုပ်ကို စားပွဲပေါ်သို့ ရိုက်ချလိုက်သည်။ " ငါ့အစ်ကိုရဲ့ ဒေါသက ဒီရက်တွေအတွင်း တော်တော်ဆိုးနေတာ။ ငါက ဂရုစိုက်ရမယ်။ ဟုတ်တယ်မလား။ "

အခြေအနေကို သိပြီး Xiao Chengzhe ၏ မျက်လုံးထဲတွင် အမဲရောင်အလင်းတစ်ချက်လက်သွားကာ သက်ပြင်းချလိုက်သည်။ သူက စကားမပြောဘဲ Zou Qiyao ၏ ပုခုံးကိုသာ နှစ်သိမ့်သည့်အနေဖြင့် ပုတ်ပေးလိုက်သည်။

" မင်းရော ဘယ်လိုလဲ။ မင်းလည်း ဒီနေ့ စိတ်ပျက်နေတဲ့ပုံပဲ။ ဘာဖြစ်ခဲ့လို့လဲ။ " Zou Qoyao က Xiao Chengzhe ၏ အခြေအနေဆိုးနေပုံကို ကြည့်ပြီး မေးခဲ့သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now