29

9.4K 1.5K 77
                                    

ထိုဓာတ်ပြုပစ္စည်း၂ဘူးကိုယူပြီး Chris၏မျက်ဝန်းများ စူးရှလာသည်။

Jia Lan ပန်းအရည်နှင့် ဆာလောင်စွာစားတတ်သော ပုရွက်ဆိတ်များ၏ အဆိပ်ရည်ဖြစ်သည်။

၎င်းက အသုံးများသော အဆိပ်အရောအနှောဖြစ်သည်။

ပုရွက်ဆိတ် အုပ်စု၏အဆိပ်က လူ့ခန္ဓာကိုယ် ေပါ်၌ သက်ရောက်မှုမရှိနိုင်သော်လည်း သူက အရိုး၊အာရုံေကြာ၊အရွတ် စသည်ဖြင့် ခန္ဓာကိုယ်၏ နေရာအနှံ့သို့ ဖောက်ဝင်နိုင်သည်။ သူက သူ၏ရန်သူကြီး Jia Lan ပန်းနှင့်တွေ့သောအခါ လူ့ခန္ဓာကိုယ်ကိုယ်ထဲတွင် ဓာတ်ပြုပြီး ကြီးမားသောနာကျင်မှုဖြစ်စေသည်။

အဆိပ်က တစ်ကိုယ်လုံကိုပျံ့နှံ့ေနသဖြင့် နာကျင်မှုက ကိုယ်တွင်းအဂါများအထိ တစ်ကိုယ်လုံးကို သက်ရောက်စေသည်။

ထိုနာကျင်မှုမျိုးကရိုးတွင်းခြင်ဆီများအထိနက်ရှိုင်းသည်။ ထို့အပြင် ပုရွက်ဆိတ်များ၏ အဆိပ်က အဆိပ်ခတ်ခံထားရသည့်လူ၏ ကိုယ်ကိုအထဲမှ အပြင်သို့တိုက်စားသဖြင့် အဆိပ်ခတ်ခံရသည့်သူက သူ၏ကိုယ်တွင်းအဂါများ ကျရှုံးပြီးပျက်စီးေနေကြာင်းခံစားေနရသည်။

"အဲ့ဒါကို ဘယ်လိုသုံးရမလဲ မင်းသိလား။ " Apollon ကမေးထောက်နေပြီး Chrisကိုစိတ်ဝင်တစားဖြင့် ညွှန်ကြားလိုက်သည်။ "Jia Lan ပန်းအရည်ကို ကြာပွတ်ရဲ့မြောင်းလေးထဲထည့်ထားလိုက်။ ပုရွက်ဆိတ်အဆိပ်ကိုတော့ လူငယ်လေးရဲ့ကိုယ်ထဲ လက်ချောင်းထိပ်ကနေ တစ်ဆင့်ထိုးလိုက်။ ဆယ်ချောင်းကိုမှတ်ထားနော်။ တစ်ချောင်းမှလျော့လို့်မရဘူး။ "

တကယ်တမ်းတွင်တော့ Apollon ကနောက်ဆုံးကျန်သည့် စိတ်ကြွဆေးကို  လူငယ်လေးထံသုံးပစ်ရန်အကြိမ်များစွာ စဉ်းစားခဲ့သော်လည်း သူနောင်တရမည်ဟု ခံစားနေရသည်။ ပထမတစ်ချက်အနေဖြင့် သူသာ Ramielကိုဖမ်းမိပြီး စိတ်ကြွဆေး မသုံးမိလျှင် ထိုလူညဘက်ထွက်ပြေးမည်ကို စိုးရိမ်ခြင်းဖြစ်ပြီး၊ ဒုတိယတစ်ချက်အနေဖြင့် သူသာစိတ်ကြွဆေးသုံးလိုက်လျှင် အလွန်အမင်း လှပသောစစ်ဆေးမေးမြန်းမှုကို မကြည့်ရမှာ စိုးရိမ်နေသည်။

Chrisက တိတ်တဆိတ် ခေါင်းညှိတ်လိုက်ပြီး လူငယ်လေးဆီ လျှောက်သွားသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now