60

8.8K 1.4K 129
                                    

မနေ့ညက ကောင်းကောင်းအိပ်မပျော်သည်မှာ တင်းရှီအန်း တစ်ယောက်ထဲ မဟုတ်ချေ။ သူတို့ မြေအနေအထားကို စူးစမ်းလေ့လာစဉ်က တွေ့ခဲ့သော ကစားကွင်းကို မှတ်မိသွားကြပြီး ညသန်းခေါင်ယံကြီးမှာပင် ထိုနေရာရှိဇွန်ဘီများကို ပြေးရှင်းကာ ချင်းယွင်အားမနက်ပိုင်း၌ အံ့ဩသွားစေရန် စောင့်နေကြခဲ့သည်။

ချင်းယွင်လေးက အရာအားလုံးကို စူးစမ်းချင်ပြီး တင်းရှီအန်းနှင့်လီရယ်တို့ကို မငြင်းခဲ့ပေ။

ကစားကွင်း တစ်ခုလုံးမှာ လူသူကင်းမဲ့ကာ လျစ်လျူရှုခံထားရသည်။ နဂိုက လူစည်ကားခဲ့လောက်သော နေရာတွင် မညီမညာအရောင်များသာ ကျန်ခဲ့သည်။ စက်ပစ္စည်းအားလုံး လည်ပတ်မှုရပ်သွားပြီး အထီးကျန်ဆန်စွာ ကျန်ရစ်နေသည်။

သို့သော် ၎င်းမှာချင်းယွင်လေး၏ အမြင်တွင် ခြားနားသည်။ ဤနေရာရှိ အရာတစ်ခုတစ်ခုချင်းစီသည်ပင်လျှင် သူ့အတွက် အသစ်အဆန်းဖြစ်နေသည်။

ကြောက်မက်ဖွယ်တိတ်ဆိတ်နေသော ကစားကွင်းထဲမှ ပျော်ရွှင်စွာ စူးစမ်းချင်နေသော လူငယ်လေးကိုကြည့်ရင်းဖြင့် ရှိနေသောလူကြီးများ၏ နှလုံးသားထဲ၌ စိတ်မကောင်းမှုအနည်းငယ် ပေါ်လာသည်။

ကစားကွင်းထဲတွင် ဓာတ်ပုံနံရံတစ်ခုရှိသည်။ ဓာတ်ပုံပေါ်မှ ရယ်မောနေကြသော လူများ၏မျက်နှာများက ချင်းယွင်လေးကို အနားတိုးလာစေရန် ဆွဲဆောင်နေသည်။ဓာတ်ပုံထဲတွင် အရောင်စုံလင်သော ကစားကွင်း၊ အပြာရောင်မိုးကောင်းကင်၊ မြက်ခင်းစိမ်းစိမ်းနှင့် သစ်ပင်များလည်း ပါဝင်သည်။ထို့နောက် ချင်းယွင်လေးက ပြန်လှည့်ပြီး အနောက်မှမြင်ကွင်းများအားပြန်ကြည့်ကာ တစ်စုံတစ်ခုပျောက်ဆုံးနေသကဲ့သို့ ခံစားလိုက်ရသည်။

ဒီကမ္ဘာက နေမကောင်းဖြစ်နေသလိုပဲ။

ရှိန့်ဖုန်းနှင့်အခြားသူများလည်း ရှေ့တက်လာကာ ဓာတ်ပုံထဲမှရှုခင်းကို ခါးသက်သောအပြုံးဖြင့် လာကြည့်ကြသည်။

"ဒီလိုမြင်ကွင်းမျိုးမမြင်ရတာ အတော်ကြာပြီပဲ။ ငါမေ့တောင်မေ့တော့မယ်။ " တင်းရှီအန်းကလက်မြှောက်၍ မျက်နှာကိုပွတ်သုတ်နေရင်း မျက်ဝန်းများထဲ၌ မျက်ရည်လဲ့နေသည်။ ကမ္ဘာပျက်ကပ်မတိုင်ခင်က သူ့တွင်သုံးနှစ်ပြည့်ကာစ သားတစ်ယောက်နှင့် ကြင်နာပြီးဂရုစိုက်တတ်သော ဇနီးတစ်ယောက် ရှိခဲ့သည်။သူတို့သုံးယောက်သား အားလပ်ချိန်များ၌ ကစားကွင်းများသို့ တစ်ခါတစ်ရံ သွားလည်တတ်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now