118

7.5K 1.5K 102
                                    

ပိတ်ထားသောတံခါးက နောက်ဆုံးတွင်တော့ ပွင့်လာပြီး အဖြူရောင်ရှပ်အကျီတစ်ထည်နှင့် အမည်းရောင်ဘောင်းဘီကိုသာ ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသော ယောက်ျားတစ်ယောက်ထွက်လာသည်။ ထိုယောက်ျားမှာ အရပ်ရှည်သည်။ သူ့ရှပ်အကျီ၌ ကြယ်သီးနှစ်လုံး ပွင့်နေပြီး ရင်ဘတ်ပေါ်မှအနည်းငယ် ဖြူဖျော့သောအသားအရေကို ပြသထားသည်။ သိသာသောကြွက်သားများသည်လည်း ကောက်ကြောင်းပေါ်နေသည်။

အသွင်အပြင်တစ်ခုတည်းသာကြည့်မည်ဆိုလျှင် ဤသို့ပြီးပြည့်စုံသောယောက်ျား၌ စိတ်ကြွစိတ်ကျရောဂါရှိမည်ဟု လုံးဝသိနိုင်မည်မဟုတ်ပေ။ သို့သော် အင်အားကြီးသောဤကိုယ်ကာယကြောင့်ပင် ဝေ့ချန်းရှုစိတ်ကြွနေချိန်၌ ထိန်းချုပ်ရပိုခက်ခဲသည်။

ဝေ့ချန်းရှု၏ ဖိနှိပ်ချုပ်ချယ်ဟန် မျက်ဝန်းများက ဝေ့မင်းကို လေးနက်စွာကြည့်လိုက်သော်လည်း သူ့အားစိတ်ဝင်တစားကြည့်နေသော လူငယ်လေးပေါ်တွင်သာ မတော်တဆအကြည့်ဆိုက်သွားသည်။ ဝေ့ချန်းရှု၏ ကြွက်သားများ အလိုအလျောက် တောင့်တင်းသွားသည်နှင့် တစ်ကိုယ်လုံး မသိမသာ ရပ်တန့်သွားကာ ခန္ဓာကိုယ်က ပို၍ရုပ်လုံးပေါ်လာသည်။

ထိုယောက်ျား၏ မျက်ဝန်းထဲမှ ဖိနှိပ်ချုပ်ချယ်မှုက မမျှော်လင့်ထားစွာ ပျောက်ကွယ်သွားရာ လက်တုန်နေသော ဝေ့မင်းမှာ နောက်ဆုံးတွင်တော့ သက်ပြင်းချမိသည်။

ဝေ့ချန်းရှု၏ အကြည့်က ဆယ်ကျော်သက်ကောင်လေးအပေါ်တွင်သာ အလိုအလျောက် မြဲမြံနေသော်လည်း ကောင်လေး၏ စိတ်ဝင်တစားအကြည့်နှင့် သူ၏မှောင်မိုက်သောငေးကြည့်တို့ ဆုံမိသွားသောအခါ သူအထိတ်တလန့်အကြည့်လွှဲလိုက်သည်။

လတ်တလောတွင် ဤလူငယ်လေးက ဝေ့ချန်းရှု၏ ဖုန်းနှင့်ကွန်ပျူတာ မျက်နှာပြင်ပေါ်၌ အမြဲရှိနေသူဖြစ်သည်။ ဤလူငယ်လေးနှင့်ဆိုင်သော တိုလီမုတ်စများကို ကသုတ်ကရက်စုဆောင်းနေရင်း ဝေ့ချန်းရှု နှာဘူးတစ်ယောက်ကဲ့သို့ ခံစားခဲ့ရသော်လည်း သူ့ရှေ့၌ လူကိုယ်တိုင်ရောက်လာသောအခါ ရှိုးတိုးရှန့်တန့်ဖြစ်မိသည်။

ယခုအခါ မျက်နှာပြင်ပေါ်တွင်သာမက အပြင်တွင်ပါ ဤလူငယ်လေးကို တွေ့လိုက်ရသောအခါ ကိုယ့်ကိုယ်ကိုယ် ပိုနှစ်မြှုပ်မိသည်။ သူက ဗီဒီယိုထဲကထက် ပိုချစ်စရာကောင်းပြီး ပိုချောမောသည်။ ဆယ်ကျော်သက်ကောင်လေး၏ အမည်းရောင်ဆံပင်များက သဘာဝအကောက်ပြေပြေလေးများဖြစ်ပြီး တောက်ပသောအမည်းရောင်မျက်ဝန်းတစ်စုံက လူများအား သူ့ကိုရင်ခွင်ထဲဖက်ထားကာ အလိုလိုက်စေချင်လာသည်ကို ဝေ့ချန်းရှု သိလိုက်ရသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now