69

7.8K 1.4K 97
                                    

ကြောင်လိမ်လှေကား၏ အဆုံးသို့ရောက်သောအခါ သူ့လက်ချောင်းများ ရုတ်တရက် လစ်ဟာသွားသည်။ ယိုဒါထံတွင် စိတ်ပျက်သွားသောခံစားချက်ပင် ပေါ်လာသည်။ သူက ဖုန်းဖေ့မင်အား အခန်းထဲအထိ ပို့ပေးပြီးနောက် သူ့လက်ချောင်းများကို အာရုံထွေပြားစွာဖြင့် ကလိနေသည်။

၎င်းမှာ ယိုဒါကဲ့သို့ နှလုံးသားဖြင့်မခံစားတတ်သူ၏ အလိုချင်ဆုံး၊ အမျှော်လင့်ရဆုံး သန့်စင်သောကလေးဆန်ဆန်ခံစားချက်ဖြစ်သည်။

ယိုဒါက လက်ရန်းပေါ်မှ အချစ်ကဗျာများကို မသိရှိသေးသော ဖုန်းဖေ့မင်အား ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ အကြည့်တွင် မနာလိုမှုအနည်းငယ် ပါနေသည်ကို သတိမထားမိပေ။

လက်ရန်းတစ်ခုလုံးပေါ်တွင် စာလုံးများဖြင့် သေသပ်စွာထွင်းရန် လူငယ်လေးက အချိန်အတော်ကြာပြင်ဆင်ခဲ့ရမည်ဟု တွေးကာ သူပါးစပ်ဖွင့်လိုက်သည်။ ၎င်းကို သတိမထားမိသော ဖုန်းဖေ့မင်အား သူပြောပြလိုက်သင့်သည်။

သို့သော် အချို့အကြောင်းပြချက်များကြောင့် ယိုဒါဘာမှမပြောခဲ့ချေ။

သူက ဖုန်းဖေ့မင်ကို အိပ်ရာပေါ်ထိုင်သည်အထိ ကူညီပေးခဲ့သည်။ သူချစ်ရသူ၏ အိပ်ခန်းထဲအထိ သူရောက်နေသော်လည်း ယိုဒါ၏ နှလုံးသားတွင် မမျှော်လင့်စွာပင် ဘာအတွေးမျှ မပေါ်လာပေ။

သူက ခေါင်းကိုပင် လှည့်ထားကာ ဖုန်းဖေ့မင်၏ အကြည့်များအား ရှောင်နေပြီး ဖုန်းဖေ့မင်နှင့် သာမန်အတိုင်း စကားပြောနေသည်။ "မင်း အခု ခက်ခဲတဲ့ အခြေအနေထဲ ရောက်နေပေမယ့်၊ ပြီးသွားရင် မင်း....."

"ဖုန်းမင်! " အခန်းတံခါးပွင့်လာပြီး ဆံပင်အညိုရောင်နှင့် ဆယ်ကျော်သက်ကောင်လေးက ဇွတ်ဝင်လာသည်။ သူ၏ အနောက်တွင် မျက်နှာအေးစက်စက်ဖြင့် အိမ်အကူပါလာသည်။

ရှန်မင်းရယ် မည်သည့်အချိန်က ဝင်လာသည်ကိုပင် ဖုန်းဖေ့မင် မသိလိုက်ချေ။ သူက သူ့ကိုယ်သူ နောက်ဆုတ်လိုက်ကာ ယိုဒါနှင့်အကွာအဝေးတစ်ခု ခြားထားလိုက်သည်။

ယိုဒါသည်လည်း လူငယ်လေးကိုပင် အာရုံစိုက်နေသည့်အတွက် ဖုန်းဖေ့မင်၏ လှုပ်ရှားမှုများကို သတိမထားမိပေ။ ဖုန်းဖေ့မင်၏ ပုံရိပ်သာ ထင်ဟပ်နေသော မျက်ဝန်းများကိုကြည့်ရင်း အနည်းငယ် ခါးသီးလာသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now