100

6.7K 1.4K 246
                                    

"ကောင်းပြီလေ၊ ဒါဆို မင်းကြိုးစားကြည့်။" မောရစ်၏ နက်ရှိုင်းသော မျက်ဝန်းများက မိန်းကလေးငယ်လေး၏ နုနယ်သောမျက်နှာကို ခေတ္တမျှ ကြည့်လိုက်သည်။

သူက လက်မြှောက်၍ ဘေးမှသစ်ပင်ကြီးကို ညွှန်ပြလိုက်သည်။ ထို့နောက် ပထမဆုံးအကြိမ်အနေဖြင့် ဂါထာမန္တရားကို ချင်းယွင်ကြားနိုင်စေရန်အတွက် ဖြည်းဖြည်းချင်း ရွတ်ဆိုပြသည်။

တစ်ချိန်ထဲလိုလိုပင်၊ သူ၏နောက်ဆုံးစာလုံးအား ရွတ်ဆိုပြီးသွားသည်နှင့် အပင်တစ်ပင်လုံး အစိတ်စိတ်အပိုင်းပိုင်းပြိုကွဲသွားသည်။

ချင်းယွင် မထိန်းနိုင်ဘဲ မျက်ဝန်းများထဲ၌ အံ့အားသင့်မှုများပေါ်လာသည်။ ဤယောက်ျား လုပ်ဆောင်သောမှော်ပညာသည် ဂျွိုက်သိသောအရာနှင့်မတူပေ။ သို့သော် ဖျက်ဆီးနိုင်စွမ်းကြီးမားကာ မယုံနိုင်လောက်အောင် စွမ်းအားကြီးသည်။

သူ၏မျက်ဝန်းများထဲ၌ ကျေနပ်မှုအရိပ်များပေါ်လာသည်။ သူထိုယောက်ျားကဲ့သို့ပင် ကြိုးစားကြည့်ရန် ပြင်သောအခါ မြို့စားအိုလ်ဆန် နှုတ်ခမ်းများ ထပ်ကွေးသွားကာ ပြုံးလိုက်သည်ကို တွေ့လိုက်ရသည်။

"တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ မင်းလက်နဲ့ကိုယ်တိုင်ဖြေရှင်းလို့ရမဲ့အရာ ရောက်လာတယ်။" မောရစ်သည် စဉ်းလဲစွာ ပြုံးလိုက်ပြီး မျက်ဝန်းများက အနည်းငယ်ရဲလာသည်။ ထို့နောက် ခြေသံပြင်းပြင်းများကို ချင်းယွင်ကြားလိုက်ရပြီး ကြီးမားသောဖွတ်တစ်ကောင် ရောက်လာသည်။ သို့သော် ထူးဆန်းစွာဖြင့် ၎င်းက စီရိုဒီနှင့်အခြားလူများ အာရုံခံနိုင်သောစည်း၏ အပြင်ဘက်တွင်သာ ရပ်နေသည်။

ဒီကလေးမလေး ကြောက်တတ်ရင် သူ့ဆီမလာသင့်ဘူး မဟုတ်လား။ မောရစ် သူ့ဘာသာတွေးနေသည်။ ပထမဆုံးအကြိမ်အနေဖြင့် ဤမိန်းကလေးကို သူနှင့်ဝေးဝေးနေစေချင်စိတ်နှင့် သူမကိုမထွက်ခွာသွားစေချင်သော သူ့နှလုံးသားထဲမှ အသံတို့ အကြားတွင် လွန်ဆွဲနေမိသည်။

ကြီးမားသော သတ္တဝါကြီးကို ကြည့်ပြီးနောက် ချင်းယွင်အံ့ဩသွားသည်။ ကြောက်သွားသောကြောင့် မဟုတ်ဘဲ သားရဲကောင်က တကယ်ကိုရုပ်ဆိုးသောကြောင့်ဖြစ်သည်။ သူအလိုအလျောက် မျက်မှောင်ကြုတ်မိပြီး မနှစ်မြို့စွာ မေးလိုက်သည်။ " ဒါက ဘာမှော်သားရဲကောင် အမျိုးအစားလဲ။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now