19

11K 1.6K 83
                                    

ညနေပိုင်းတွင်

Qing Yun က သူ့မွေးရပ်မြေသို့ မပြန်ခင် နောက်ရက်များအတွက် အလုပ်များကို စီစဉ်နေသည်။

သူက မီးဖွင့်လိုက်ကာ သူသယ်သွားရန် လိုအပ်သော အရာများကို ထုပ်ပိုးရန် ပြင်ဆင်လိုက်သည်။

Qing Yun ၏ ဘဝက ထူးခြားစွာ စည်းကမ်းကြီးသည်မှာ သူယခု နေနေသော နေအိမ်ကဲ့သို့ပင်။ သူဤနေရာတွင်  ေနသည်မှာ သုံးနှစ်ကျော်ပြီဖြစ်သော်လည်း ပထမတစ်ချက်အကြည့်မှာပင် မည်သူမျှမနေသကဲ့သို့ ထင်ရသည်။ အရာအားလုံး သေသပ်စွာ နေရာကျနေပြီး ၕည့်ခန်းမှ အိပ်ခန်းအထိ အရာအားလုံး အညစ်အကြေးအစက်အပြောက် ကင်းနေသည်။

သို့သော် ထောင့်တစ်ခုတွင် ကွဲပြားသောလက်မှတ်များကို ပြသထားသော သီးခြားဖြစ်နေသည့် နေရာတစ်ခုရှိသည်။

၎င်းတို့ အားလုံးသည် Zou Chem ၏ လက်ရာများပင်။

Qing Yun က ထိုစာအုပ်စင်ဘက်ကို လျှောက်လာကာ လက်ထဲတွင်ဆော့ကစားရန် ထူးခြားသည့်စက်ရုပ်တစ်ခုကို ကောက်ယူလိုက်သည်။

ထိုလူက သူတစ်ခုခုထူးခြားတာတွေ့တိုင်း Qing Yun ဆီတစ်ခုပို့ရန် ဘယ်တုန်းကမှ မမေ့ခဲ့ပေ။ ထိုရက်စက်ပြီး နတ်ဆိုးဆန်သော မျက်နှာသေဖြင့် ဒီလို ကလေးဆန်သည့်အရာများကို စုဆောင်းတတ်သည့် Zou Chen ၏ အမူအကျင့်က အခြားသူများကို ကြောက်ရွံ့စေသလား Qing Yun မသိတော့ပေ။

Qing Yun ၏ မျက်ဝန်းတွင် မတတ်သာဘဲ အပြုံးတစ်ခု လက်သွားသည်။

ယခုတစ်ကြိမ်တွင် သူပြန်သွားသောအခါ ထိုတိုင်းပြည်တွင် အချိန်အတော်ကြာနေမည်ဖြစ်သည်။ အချိန်ခဏမျှ စဉ်းစားနေပြီးနောက် Qing Yun က စာအုပ်စင်ပေါ်မှ ပစ္စည်းသေးသေးလေးများကို စတင်ထုပ်ပိုးလိုက်သည်။ သူတို့ကို ဘူးတွေထဲထည့်ပြီး ခရီးသွားအိတ်ထဲ စီထည့်လိုက်သည်။

သူ သိမ်းဆည်းပြီးနောက် ဖုန်းမြည်လာသည်။ ၎င်းက Zou Chen ပင်။

Qing Yun မျက်မှောင်ကြုတ်လိုက်သည်။ ဘယ်လိုလုပ် တိုက်တိုက်ဆိုင်ဆိုင် ဒီလူက ဒီအချိန်မှာ ခေါ်ရတာလဲ။

တုန်ခါနေသော ဖုန်းကိုေငးကြည့်ေနရင်း Qing Yun၏ မျက်ဝန်းများက ကျဉ်းမြောင်းလာပြီး စိတ်ပုပ်ပုပ်ဖြင့် ဖုန်းချလိုက်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now