137

6.6K 1.3K 58
                                    

ဟော့စ်နှင့် ဌာနအကြီးအကဲတို့၏ အပေးအယူ၊ ဌာနအကြီးအကဲ၏ ရက်စက်သောအကြည့်တို့ကိုချင်းယွင်ဂရုမစိုက်ပေ။ သူက ရှေ့သို့နှစ်လှမ်းတိုးလိုက်ပြီး ဧည့်ခန်းမအလယ်၌ ဆွဲထားသောအကြေးခွံကို ဆွဲယူလိုက်သည်။

အကြေးခွံမှ ထုတ်လွှင့်နေသောအငွေ့အသက်က ထိုယောက်ျား၏ စိတ်ဝိညာဉ်မှ အငွေ့အသက်နှင့်အတူတူပင်။ အကြေးခွံများက ခန္ဓာကိုယ်မှ ဝေးနေရသည်မှာ ကြာပြီဖြစ်သဖြင့် အငွေ့အသက်က ဖျော့လာသော်လည်း ချင်းယွင်အား မျက်ရည်လည်လာစေသည်။

ဘယ်လိုပင်ဖြစ်စေ၊ သူ နောက်ဆုံးတွင်တော့ ထိုယောက်ျား၏ သဲလွန်စကို တွေ့ရလေပြီ။ ထိုယောက်ျား၏ ခန္ဓာကိုယ်က သေသွားပြီဖြစ်နိုင်သည်၊ သူယခုခံစားနေရသည်က အဓိပ္ပါယ် မရှိသောပျော်ရွှင်မှုဖြစ်နိုင်သည်၊ သို့ရာတွင် ရင်းနှီးနေသော ဤရနံ့ကို ပြန်တွေ့ခြင်း၊ ထိုယောက်ျားနှင့် ဆက်စပ်နေသော တစ်စုံတစ်ခုကို ရှာတွေ့ခြင်းက ထိုယောက်ျား လေထဲသို့ပျောက်သွားခြင်းအား ကြည့်နေရသည်ထက် ပိုကောင်းသေးသည်။

ချင်းယွင်နောက်သို့ ရက်အနည်းငယ်လိုက်နေကာ ဂရုမစိုက်တတ်သောအပြုအမူဖြင့် အလွန်အမင်း ရင်းနှီးနေသော ရီရွေ့က ချင်းယွင်၏ သိသိသာသာ စိတ်လှုပ်ရှားနေသည့် အမူအရာကိုတွေ့ကာ ကိုယ့်မျက်လုံးပင်ကိုယ် မယုံနိုင်ပေ။

ဌာနအကြီးအကဲသည်လည်း ချင်းယွင်၏လှုပ်ရှားမှုကိုတွေ့ကာ ဟန်ဆောင်၍အော်လိုက်သည်။ " သခင်လေး အီလော့စ်က အရှင်ဧကရာဇ်ရဲ့ အကြေးခွံကို ဘယ်လိုတောင်အတင့်ရဲပြီး ယူလိုက်ရတာလဲ။ ဒီအကြေးခွံက ကျွန်တော်တို့ရဲ့ ယုံကြည်ရာဖြစ်ပြီး ဒီအာကာသစခန်းကို အမြဲတမ်းအကာအကွယ်ပေးခဲ့တာပါ။"

နောက်ဆုံးတွင်တော့ ချင်းယွင်က အကြေးခွံပေါ်မှ အကြည့်လွှဲလိုက်ကာ ဌာနအကြီးအကဲကို ကြည့်လာသည်။ "ဒါက အရှင်ဧကရာဇ်ရဲ့ အကြေးခွံလို့ ခင်ဗျားပြောလိုက်တာလား။"

"ဟုတ်တယ်လေ။ မင်းက အကြေးခွံကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်း ယူလိုက်တာ ပြင်းထန်တဲ့ပြစ်မှုကို ကျူးလွန်လိုက်တာပဲ။" ဌာနအကြီးအကဲက လူငယ်လေးအားခြောက်လှန့်ရန်အတွက် အလောတကြီးအသံဖြင့် အရင်ပြောလိုက်သည်။ သေနှင့်နေပြီးဖြစ်သင့်သော ဤအီလော့စ်နှင့်ပက်သက်၍ တစ်ခုခုမှားယွင်းနေသည်ဟု သူခံစားနေရသည်မှာ ကြာပြီဖြစ်သည်။ ကြည့်ရသည်မှာ သူကဦးနှောက်ထိသွား၍ မှတ်ဉာဏ်ပျောက်သွားခြင်းဖြစ်ရမည်။ ဤသည်ကလည်း ကောင်းသည်၊ ဦးနှောက်မကောင်းသော ကိုယ်ကာယပိုင်းဆိုင်ရာ အားနည်းသည့်အမှိုက်ကောင်အား ရှင်းလျှင်ပိုမလွယ်ပေဘူးလား။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now