80

8.4K 1.4K 32
                                    

ယန်လန်က စစ်တပ်ထဲသို့ ဦးဆောင်ခေါ်သွားခံရသော လမ်းတစ်လျှောက်တွင် အံ့ဩနေသည်။ နဂိုက ချီယူမှာ အလွန်အမင်း စည်းကမ်းတင်းကြပ်ကာ သူ၏စစ်တပ်က သာမန်စစ်တပ်နှင့် ကွာခြားသည်ဟုသာ သူကြားဖူးသည်။ ယခုသူလက်တွေ့မြင်လိုက်ရသောအခါ ထိုကောလဟာလများထက် များစွာသာလွန်နေကြောင်း သဘောပေါက်သွားရသည်။

နယ်စပ်ကဲ့သို့ အစားအသောက် ကြမ်းတမ်းခက်ခဲသည့်ဒေသမှာပင် စောင့်ကြပ်နေသော၊ လေ့ကျင့်ရေးဆင်းနေသော စစ်သားများတွင် သိသာသည့်အားမာန်များ ရှိနေသည်။

သေခြင်းရှင်ခြင်းကြား၌ သွေးထားသော ပြင်းထန်သည့်အရှိန်အဝါများက ယန်လန်၏စိတ်ကို ထိတ်လန့်စေသည်။

ကြီးမြတ်သောယန်မှ မြို့တော်အစောင့်များက မြောက်ပိုင်းစစ်တပ်၏တစ်ဝက်မျှကိုပင် လိုက်မမှီချေ။ ထို့ကြောင့်သာ ဧကရာဇ်ဟုန်းမျင်က ချီယူအား အမွှမ်းတင်နေခြင်းဖြစ်ရမည်ဟု ယန်လန်ခံစားလိုက်ရသည်။

သူချင့်ချိန်နေချိန်၌ အပြင်ပန်းကဲ့သို့ ပျော်ရွှင်မနေပေ။ သူက ဧကရာဇ်ထံမှ ယုံကြည်ခံရသော ချီယူအား အလေးထားသော်လည်း သူ့နှလုံးသားထဲ၌ ဖုံးကွယ်ထားသည့် မာနရှိနေသးသည်။

မြောက်ပိုင်းစစ်တပ်မှ စစ်သားတိုင်းက သူ၏တော်ဝင်မင်းသားဟူသည့်ရာထူးကြောင့် မျက်နှာလိုမျက်နှာရလာမဖားကြဘဲ ထိုအစားဗဟိုစစ်ရွက်ဖျင်တဲကိုသာ တလေးတစားကြည့်နေကြသည်။

စစ်တပ်ပတ်လည်၌လည်း လူအများက သူတို့၏ကျေးဇူးသိတတ်မှုကို ပြသည့်အနေဖြင့် အစားအစာနှင့် ခြံမွေးတိရစ္ဆာန်များ အဆက်မပြတ်လာဆက်သနေကြသည်။ ထိုမြင်ကွင်းကိုမြင်သည်နှင့် စစ်စခန်းနှင့် နယ်စပ်တစ်လျှောက်၌ မြောက်ပိုင်းဗိုလ်ချုပ်ကြီးက မည်မျှလွှမ်းမိုးနိုင်ကြောင်း ယန်လန်သိလိုက်သည်။ သူ့ကိုဒေသတစ်ဝိုက်၏ ဧကရာဇ်ဟုပြောရလျှင် လွန်မည်မထင်ပေ။

ယန်လန်၏ နှလုံးသားထဲ မြင့်တက်လာသည်က အင်အားကြီးသော အထောက်အပံ့ရသည့်အတွက် ပျော်ရွှင်မှုမဟုတ်ဘဲ သံသယအချို့ပင်။ ဧကရာဇ်ဟုန်းမျင်က ချီယူကို ယုံသော်လည်း ယန်လန်မယုံပေ။ သူစတင်တွေးတောမိသည်မှာ ချီယူ၏ ယခုနှင့်အနာဂတ်တွင် လွှမ်းမိုးလာနိုင်မှုပင်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now