82

8.3K 1.4K 80
                                    

မကြာမီတွင် ချီယူနှင့် သူ့နောက်လိုက်များ မြို့တော်အပြင်ဘက်သို့ ရောက်ရှိလာကြသည်။ မင်းသားကြီးဘက်မှ ကြိုတင်ပြင်ဆင်ထားမည်စိုးသဖြင့် မြို့တော်ဝင်ပေါက်တံခါးမှ စစ်ဆေးရေးများကို ကျော်ဖြတ်စဉ်တွင် သူတို့က မြို့တော်ထဲသို့ ကုန်ပစ္စည်းလာပို့သည့် ခြေလျင်သမားများကဲ့သို့ ဝတ်ဆင်လာကြသည်။

သာမန်စစ်ဆေးရေးကပင် ချီယူအား မျက်မှောင်ကြုတ်စေသည်။ သူတို့ ပြဿနာကြုံရခြင်းမဟုတ်ဘဲ မြို့တော်ဝင်ပေါက်၌ နေရာချထားသော စစ်သားများက အရင်တုန်းကနှင့် အလွန်ကွာခြားနေသောကြောင့်ပင်။ ချီယူ ပထမတစ်ချက်ကြည့်ရုံနှင့်ပင် အနည်းငယ် ယုံရခက်နေသည်။

ယခင်ကဆိုလျှင် ဝင်ပေါက်မှ စစ်သားများက မြို့အဝင်အထွက်ကို စစ်ဆေးရသည့် တာဝန်သာရှိသည်။ ချပ်ဝတ်တန်ဆာများမှလွဲ၍ သူတို့တွင် စစ်တပ်၏အရှိန်အဝါ ချို့ယွင်းနေလုနီးပါးပင်။ တည်ငြိမ်ရက်စက်နေပုံက မြို့တော်သို့ ပထမဆုံးလာရောက်ကြသူများကို ခြောက်လှန့်ရန်ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။

သို့သော် ယခုချီယူ၏ရှေ့မှ အသွင်အပြင်မှာ အလွန်ကွဲပြားသည်။ ဤမြို့အစောင့်များမှာ သိမ်းငှက်ကဲ့သို့ မျက်လုံးများ ရှိရုံသာမက သူတို့တာဝန်များကို ထမ်းဆောင်ရာတွင် ပို၍လေးနက်သောသဘောထား ရှိကြသည်။ အတိတ်တွင် ဖရိုဖရဲဖြစ်နေခဲ့သော မြို့တော်ဝင်ပေါက်၌ ယခုအခါ  အစီအစဉ်တကျဖြစ်နေသည်။ အရင်က ပိတ်ဆို့ကာ ဆူညံပွက်လောရိုက်နေခဲ့သော အခြေအနေမှာ ပျောက်ကွယ်သွားသည်။

ဧကရာဇ်ဟုန်းမျင် အကျဉ်းချခံရကာ မင်းသားကြီး အုပ်ချုပ်နေချိန်၌ မြို့တော်တွင် ရှုပ်ထွေးနေလောက်သည်ဟု ထင်ထားသော ချီယူမှာ မြို့တော်ကို ကြည့်ကာအံ့ဩနေသည်။ မြို့တော်က စည်ကားနေဆဲ ဖြစ်သော်လည်း ယခင်က မောက်မာတတ်သောလူရတတ်များသည် ပို၍ချုပ်တည်းထားကြသည်။

ချင်းယွင်က ခိုင်မာစွာအမြစ်တွယ်နေသော မိသားစုများ၏ အခြေအနေကို သဘောမကျသဖြင့် ထိုအင်အားစုများကို စတင်ချိုးဖျက်ခဲ့သည်။ ဤမိသားစုများက သူတို့၏ကိုယ်ပိုင်အခြေအနေများအား စိုးရိမ်နေရရာ မြို့တော်ထဲ၌ အရင်ကကဲ့သို့ ပြဿနာမရှာရဲပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now