95

8.9K 1.6K 278
                                    

မြို့တော်ထဲသို့ စစ်သားများနှင့်အတူ ဝင်သွားသော လမ်းတစ်လျှောက်တွင် အတားဆီးမခံရသဖြင့် ချီယူ၏ သံသယများတဖြည်းဖြည်းတိုးလာပြီး ပိုသတိထားမိလိုက်သည်။

ယခုအခါ မြို့တော်၌ ရာသီဥတုသာယာနေသည်။ အရာရှိများအားလုံးသည် နေရာယူထားကြပြီး မင်းသားကြီးက ကောင်းကင်သို့ ပူဇော်ပြီးဖြစ်သည်။ သူက အခြွေအရံများ၏ အကူအညီကိုယူ၍ ပလ္လင်ဆီသို့ ခြေလှမ်းတစ်ရာတက်ရန် ပြင်နေသည်။

မြို့တော်မှ အရာရှိအားလုံးက ဧကရာဇ်အသစ် နန်းတက်ပွဲ၌ နဂါးပလ္လင်ကိုကြည့်ရင်း မျှော်လင့်စောင့်စားနေကြစဉ်တွင် အခြားအခြွေအရံတစ်ဦး၏ ကြေငြာသံကိုကြားလိုက်ရသည်။ "ဗိုလ်ချုပ်ကြီးချီယူ ရောက်ရှိလာပါပြီ။ "

စနစ်ကျ၊ ညီညာသော ခြေသံများ ချက်ချင်းထွက်လာပြီး အမည်းရောင် ချပ်ဝတ်တန်ဆာဝတ်ထားသော ၊ နေရောင်အောက်မှာပင် အေးစက်စက်ဖြစ်နေသည့် စစ်တပ်ကြီးက လူတိုင်း၏ မျက်စိရှေ့၌ ပေါ်လာသည်။

အရာရှိအားလုံး လေအေးတစ်ချက်ရှိုက်လိုက်မိကာ တီးတိုးဆွေးနွေးမိကြသည်။

ချီယူနှင့် သိပ်သည်းသောစစ်တပ်ကို အတူတွေ့လိုက်ရသောအခါ ဝေ့လင်းမှာ ကောင်းကင်ကြီး လည်သွားသကဲ့သို့ ခံစားရပြီး သတိမေ့တော့မလိုပင်။ ဧကရာဇ်အသစ်က နန်းတက်တော့မည်။ ထိုချီယူက ဘာကြောင့် ဤအချိန်မှ တိုက်တိုက်ဆိုင်ဆိုင် လာရောက်သနည်း။ သူက စစ်တပ်ကိုပင် ခေါ်လာသေးသည်။

မြို့စောင့်တပ်က စက္ကူရုပ်တွေလား။ သောင်းချီတဲ့စစ်သည်တွေကို ဘာလို့လွယ်လွယ်ကူကူ ဝင်ခွင့်ပြုလိုက်တာလဲ။

သူ့ဘေးမှ အခြွေအရံတစ်ယောက်ကို ဆွဲ၍ မေးလိုက်သည်။ "အရှင်က ဒီအကြောင်းကို သိလား။"

"စိတ်ပူစရာမလိုပါဘူး။ ဧကရာဇ်က ပြင်ဆင်စရာရှိတာအားလုံးကို ပြင်ဆင်ပြီးသွားပါပြီ။ "

ပြင်ဆင်စရာရှိတာအားလုံးဆိုတာ ဘာလဲ။ ဘာကို ပြင်ဆင်လို့ရမှာလဲ။

ဝေ့လင်း၏ နှလုံးသားထဲ၌ အေးစက်နေသည်။ ကြီးမြတ်သောယန်တစ်ပြည်ထောင်စုလုံးတွင် မည်သည့် စိတ်ချရသောပြင်ဆင်မှုက ချီယူ၏စစ်တပ်ကို ယှဉ်နိုင်မည်နည်း။ မင်းသားကြီးက ထက်မြက်သူတစ်ယောက်ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် ကမောက်ကမ ဖြစ်နေသည်လား။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now