102

6.6K 1.3K 61
                                    

ချင်းယွင်က အမူအရာမဲ့စွာဖြင့် လမ်းလျှောက်နေသည်။ ထို့နောက် သူကိုင်ထားသော အဖြူရောင်ဝတ်ရုံအား လမ်းဘေးသို့ သာမန်ကာလျှံကာ လွှင့်ပစ်လိုက်သည်။ သူက ဝတ်ရုံအဖြူဝတ်ထားသူကို မှီသွားပြီး ဝတ်ရုံသည် ထိုယောက်ျား တောထဲမှ ကောက်လာခဲ့သောအရာဖြစ်သည်ကို အံ့ဩစွာသိလိုက်ရရာ ဘလောက်နှစ်ခုမျှ ပြေးလိုက်ရခြင်းမှာ အလကားဖြစ်သွားသည်။

မှော်အကာအကွယ်က မိုးစက်များကို ကာပေးထားပြီး သူ၏ဆံပင်များ၊ လေးလံသောပိုးစကတ်များကို မစိုစေပေ။ ထို့ကြောင့် ညစ်ပတ်သောလမ်းတစ်လျှောက်တွင် လျှောက်နေလျှင်ပင် ချင်းယွင်သည် ဖရိုဖရဲ မဖြစ်နေပေ။

သို့သော် ချင်းယွင်အတွက်မူ ယခုတစ်ကြိမ်သည် ဒုက္ခအရောက်ဆုံးပင်။ သူက မှောင်မိုက်သောမိုးကောင်းကင်ကို မော့ကြည့်လိုက်ပြီး ထိုယောက်ျားအကြောင်းအား တွေးမိသည်။ သူက ဒီဘဝမှာကော ဘယ်သူပါလိမ့်။

ချင်းယွင်က သူ၏လက်ရှိအသွင်အပြင်ကို ပြန်ကြည့်ကာ ထိုတစ်ယောက်နှင့် မတွေ့ချင်သေးပေ။ ဘယ်လိုပင်ဖြစ်ဖြစ် ယောက်ျားသားများသည် သူတို့၏ကြင်ဖက်များရှေ့တွင် အပြည့်စုံဆုံးဘက်ခြမ်းကိုသာ ပြသချင်ကြသည်။ အိပ်ရာထဲမှာပင် ချင်းယွင်က လုံးဝသန်မာသည်။

ထို့ကြောင့်ပင်.....သူက မိန်းကလေးအဝတ်အစားများ ဝတ်နေရသည့် လက်ရှိအခြေအနေကို ထိုတစ်ယောက်အား မမြင်စေချင်ပေ။

ချင်းယွင်က အမျိုးသမီးအဝတ်အစားများကို တကယ်မနှစ်မြို့တာမဟုတ်ပေ။ သူက ဤအတင်းအဓမ္မခံစားချက်ကြီးကိုသာ မုန်းတီးခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ယောက်ျားတစ်ယောက်အတွက် အမျိုးသမီးတစ်ယောက်အဖြစ် ဟန်ဆောင်ခြင်းနှင့် အမျိုးသမီးတစ်ယောက်ဖြစ်ရန် ဖိအားပေးခံရခြင်းတို့က လုံးဝကွဲပြားသော ဖြစ်ရပ်နှစ်ခုဖြစ်သည်။

သူ့ဘာသာ ဟန်ဆောင်နေခြင်းသာဖြစ်လျှင် ချင်းယွင်က ထိုယောက်ျားအား ကောင်းကောင်းစနောက်နေနိုင်သည်။

"ယို...ဟိုမှာ ဘယ်သူလေးလဲ ကြည့်စမ်း။ ဒီချစ်စရာအသေးလေးက ဘယ်ကနေရောက်လာတာလဲ။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now