26

9.8K 1.5K 24
                                    

Chris ကသူကိုယ်တိုင် သစ္စာဖောက်သူဖြစ်သဖြင့် စိတ်မပါတပါလုပ်ပြမည်မဟုတ်ပေ။

ပြည်ထောင်စုကြီးက ကြိုးကြာနီများကို တိုက်ရိုက်ဝိုင်းရံတိုက်ခိုက်၍ ရသော်လည်း ကြယ်ဓားပြများက အခြေအနေတစ်ခုခုမှားနေကြောင်း သိသွားလျှင် ကလိမ်ကကျစ်ဖြင့် ချပ်ပြားကိုနေရာေရွှ့လိုက်မည်အား စိုးရိမ်နေသည်။ ထို့ကြောင့်ပြည်ထောင်စုက မတတ်နိုင်တော့ဘဲ Chris ကိုအတွင်းဘက်ကနေ လှိုက်စားဖြိုခွဲရန် လွှတ်လိုက်သည်။

ထိုလူအနားကပ်လာတာကိုကြည့်ပြီး Qing Yun၏အတွေးများ ထက်ရှလာသည်။ Chris ကဗီဇဓာတ်ချပ်ပြားကို ပြန်ယူရန် ရန်သူ့တပ်တွင်းသို့ခိုဝင်ဟန်ဆောင်ခဲ့သည်။ သို့သော် မူရင်းဇာတ်ကြောင်းအရ Jorah ၏တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဒေါက်တာ Ramiel ကအဖမ်းခံရကာ အစီအစဉ်မပြီးခင်ပင် Chris ၏အကြံအစည်များ ပျက်စီးခဲ့ရသည်။

Qing Yun ကထိုလူ၏ နက်ရှိုင်းသောငွေရောင်မျက်ဝန်းများကို ကြည့်လိုက်သော်လည်း ၎င်းတို့တွင် စိတ်ခံစားချက်လုံးဝရှိမနေပေ။

ထိုလူက ပြည်ထောင်စုတစ်ခုလုံး၏ အရှုံ့ချခံပြီး ရန်သူ့စခန်းထဲ ဝင်ရောက်နိုင်သည်ကပင် ထိုလူသယ်ထားသည့် တာဝန်အား သူခံစားမိသည်။

ထိုလူ၏စိတ်ထဲတွင် ပြည်ထောင်စုရှိလူများ၏ အသက်ထက်ဘာကမှ ပိုအရေးမကြီးနေမှာပင် သူကြောက်မိသည်။

ဒါပေမယ့် သူ့အရင်သေဖော်ရှင်ဖက် ရဲဘော်များထံမှအမုန်းခံရခြင်းနဲ့ သူ့နှလုံးသားတစ်ခုလုံးရင်းပြီး ကာကွယ်ချင်တဲ့လူတွေရဲ့ အမုန်းစကားတွေကို ကြားရတာတောင် သူဘာမှမခံစားရဘူးလား။

ဤကမ္ဘာရှိ Qing Yun ၏တာဝန်က ဒေါက်တာ Ramiel ၏ ကြယ်ဓားပြများထံမှ လွတ်မြောက်နိုင်မှုအပေါ် မူတည်သလို Chris က ချပ်ပြားကို အောင်အောင်မြင်မြင်ခိုးယူနိုင်မှုပေါ်လည်း မှီခိုနေသည်။

ထိုအကြောင်းမတိုင်ခင် Qing Yun အတွက်အခက်အခဲတစ်ခုလည်း ရှိသေးသည်။ ထိုလူသူ့ကို စစ်ဆေးမေးမြန်းနေစဉ် သူ့ကိုမသတ်မိအောင်လည်း သူဂရုတစိုက်နေရမည်။

Qing Yun နောက်မှ ပြည်ထောင်စုစစ်သားများက သူ့ကိုကျားများကဲ့သို့ စိုက်ကြည့်ပြီး သူ ဒေါက်တာ Ramiel ဘယ်နေရာမှာ ရှိသည်ဆိုတာကို ထုတ်မပြောမိခင် သူ့ကိုသတ်ချင် နေကြသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now