85

8.4K 1.5K 147
                                    

မြောက်ပိုင်းစစ်တပ်ဘက်မှ အသာစီးရနေသော်လည်း တစ်ဖက်အုပ်စုက လူအင်အား သိသိသာသာ ပိုများသည်။

ဒါ ဘယ်သူ့ လူတွေလဲ။

ချီယူ တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်မိသည်။ သူက ရန်ဘက်ခေါင်းဆောင်ကို ကြည့်ကာ မြင်းပေါ်မှ ဆင်းလိုက်ပြီး မြေကြီးပေါ်တွင် ပြန့်ကြဲနေသော လေးနှင့်မြှားကို ကောက်ယူလိုက်သည်။ ထို့နောက် လက်နှစ်ဖက်လုံးတွင် အားထည့်လိုက်ကာ လေးကြိုးကို အပြည့်ဆွဲလိုက်ပြီး မြှားနှစ်ချောင်းကို တစ်ပြိုင်ထဲပစ်၍ ရန်ဘက်ခေါင်းဆောင်အား မြင်းပေါ်မှ ပြုတ်ကျစေလိုက်သည်။

ခေါင်းဆောင်မြေပြင်ပေါ်သို့ ကျသွားသည်ကို တွေ့လိုက်သောအခါ ကိုယ်ပိုင်စစ်တပ်က ချက်ချင်းအားနည်းသွားသည်။ မြောက်ပိုင်းစစ်တပ်က အခြေအနေကို အခွင့်ကောင်းယူကာ ၎င်းတို့အနောက်သို့ လိုက်သွားသည်။

ချီယူက ရွက်ဖျင်တဲထဲသို့ ဝင်သွားပြီးနောက် တတိယမင်းသားကို တွေ့လိုက်သဖြင့် ခပ်တည်တည်ပြောလိုက်သည်။ "ဒီနေရာမှာ အကြာကြီးနေဖို့ မသင့်တော်တော့ပါဘူး။ ဒီလောက်ရုတ်ရုတ်သဲသဲဖြစ်သွားတော့ မြို့တော်ဘက်ကလည်း သတိထားမိပြီးလောက်ပါပြီ။ "

ချီယူပြန်လာသည်ကို တတိယမင်းသားတွေ့သောအခါ ချီယူ၏စကားကိုပင် နားထဲမသွင်းဘဲ စိတ်လှုပ်ရှားစွာမေးလိုက်သည်။ " ဗိုလ်ချုပ်ကြီးချီ မြို့တော်ကိုသွားတာ ဘာတွေအကျိုးရှိခဲ့လဲ။ "

ယန်းဟွေးသည်လည်း အနားသိုတိုးလာကာ ချီယူကို ကြည့်နေသည်။

တတိယမင်းသား၏ စိတ်အားထက်သန်သော အမူအရာကိုကြည့်ကာ ချီယူမျက်မှောင်ကြုတ်မိသည်။ ဘာကြောင့် ဤဘက်၌ ရုတ်တရက်တိုက်ခိုက်နေကြကြောင်း မေးချင်သော်လည်း သူ၏ရာထူးအရ တတိယမင်းသား၏ မေးခွန်းကိုသာ အရင်ဖြေရမည်။ "မြို့တော် အခြေအနေက အရင်ကနဲ့ ခြားနားပါတယ်။ "

ချီယူ၏ စကားလုံးများကို ကြားပြီးနောက် တတိယမင်းသားနှင့် ယန်းဟွေးတို့၏ မျက်လုံးများ ချက်ချင်းတောက်ပလာသည်။ မြို့တော်၌ ပရမ်းပတာဖြစ်နေမည်ဟု သူတို့ခန့်မှန်းပြီးဖြစ်သည်။ မြို့တော်၌ ပို၍ဖရိုဖရဲဖြစ်နေစေရန် သူတို့မျှော်လင့်ကြသည်။ သို့မှသာ သူတို့တော်ဝင်အမိန့်ယူဆောင်လာပြီး သူပုန်တပ်ကို ဦးဆောင်လာလျှင် တိုင်းသူပြည်သားများထံမှ ထောက်ခံမှုပိုရမည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now