145.3

10.3K 1.3K 97
                                    

ချင်းယွင်ကသာ အမှန်တရားကိုသိသွားလျှင် ကိုယ့်ကိုယ်ကိုယ်ပင် အပြစ်တင်မည်မှန်းသိသဖြင့် အဒ်မန်ကခါးသီးစွာပြုံးကာ ချင်းယွင်၏မျက်ရည်ဝဲနေသောမျက်ဝန်းများအား နမ်းလိုက်သည်။ "ကလေး၊ ကိုယ်ပြောတာကို နားထောင်၊ ကိုယ်မင်းအနောက်ကို လိုက်လာတုန်းက ကိုယ့်ကိုယ်ပိုင်အသိဉာဏ်ကိုသုံးပြီး အရင်ကိုယ်ဇာတ်လိုက်ဖြစ်နေတုန်းက လုယူထားတဲ့စွမ်းအင်တွေကို သယ်လာခဲ့တာ။ ဒီစွမ်းအင်တွေက အဲ့အာကာသရဲ့အုပ်ချုပ်သူဖြစ်တဲ့ မင်းအပိုင်ပဲ။ ဒါ့ကြောင့်သာ သူတို့ကမင်းရဲ့ စိတ်ဝိညာဉ်ဆီ ပြန်သွားတာ။ မင်းကကိုယ့်ကိုထိခိုက်စေခဲ့တာမဟုတ်ဘူး၊ သိပြီလား။"

"မိုက်မဲလိုက်တာ။ ကျွန်တော်က ခင်ဗျားဆီက တစ်ခုခုကိုလိုမယ်လို့ ခင်ဗျားထင်နေတာလား။" ချင်းယွင်က ထိုယောက်ျား၏ပုခုံးပေါ်တွင် မျက်နှာအပ်ထားကာ သူ့မျက်ဝန်းထဲမှ မျက်ရည်များနှင့် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မှုကို မြင်ခွင့်မပြုပေ။

အဒ်မန်က ချင်းယွင်၏နောက်ကျောအား ကလေးတစ်ယောက်ကိုချော့သကဲ့သို့ ညင်သာစွာပုတ်နေသည်။ "ကလေး၊ ကြည့်လေ၊ အခုဆို ကိုယ်ကအကောင်းကြီးပဲမဟုတ်လား။ ကိုယ်နဲ့ဆိုင်တဲ့ စွမ်းအင်က ကိုယ့်ခန္ဓာကိုယ်ထဲမှာပဲ။ ကိုယ်က သိပ်သန်မာတာ။ ဒါကိုမင်းအသိဆုံးပဲမဟုတ်လား။"

သူ့ကလေးက အေးစက်ကာ ဂရုမစိုက်ဟန်ပေါ်သော်လည်း ၎င်းမှာ သူက ကလေးအရွယ်ကတည်းကပင် ရိုးသားသောခံစားချက်များနှင့် မကြုံတွေ့ဖူးသောကြောင့်မှန်း အဒ်မန်သိသည်။ ထို့ကြောင့် သူက ကလေး၏ဘယ်ခံစားချက်ကိုပင်ဖြစ်စေ အတိုင်းထက်အလွန် မြတ်နိုးသည်။

"ဟမ်၊ အင်အားကြီးတာလား။ ခင်ဗျားရဲ့ ထီးနန်းကတောင် လုယူခံရတော့မှာကို။" ချင်းယွင်က သူ့ကိုဒေါသထွက်ထွက်ဖြင့်ကြည့်ကာ တွန်းလိုက်ပြီး အဝတ်ဝတ်လိုက်သည်။ "မြန်မြန်သန့်ရှင်းတော့လေ။ အန်ဒရီယာက နန်းတက်တော့မယ်။"

ထို့နောက် ချင်းယွင်က မျက်မှောင်ကြုတ်ကာ ထပ်ပြောလိုက်သည်။ "အန်ဒရီယာရဲ့ အငွေ့အသက်က နည်းနည်းထူးဆန်းနေတယ်လို့ ကျွန်တော်ခံစားရတယ်။ အဲ့ဒါက ကောင်းကင်ဘုံကျင့်ကြံသူနဲ့ တူသလိုလိုပေမဲ့ တစ်နည်းနည်းနဲ့လည်း မတူသလိုပဲ။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now