109

7K 1.5K 133
                                    

ချင်းယွင်ပိုင်ဆိုင်သည်ဟု စိတ်ဆုံးဖြတ်ထားသောအရာမှာ သူ့အပိုင်သာဖြစ်နိုင်သည်။ ၎င်းအပေါ်၌ မည်သည့်နာမည်ကိုမှ လုံးဝအတပ်မခံနိုင်ပေ။

သို့သော် ဤအခြေအနေမျိုးမှာပင် ထိုရူးကြောင်ကြောင်နဂါးရောက်မလာသေးခြင်းက သူ့ကိုဒေါသထွက်စေသည်။

ချင်းယွင်နှလုံးသားထဲ၌ ဒေါသပိုထွက်လာသည်။ သူ့မိသားစုဝင်အရူးကို ယုံကြည်သောကြောင့်သာမဟုတ်လျှင် ထိုယောက်ျားက သူ့အား ရုတ်တရက် ချန်ထားခဲ့ခြင်းမှာ ဇာတ်ရှုပ်သောဤမင်းသမီးနှင့် သွားတွေ့ရန်ဟုထင်မိလိမ့်မည်။

လေဒီယာက မေးခွန်းကြောင့် ပြောစရာမဲ့သွားသည်။ နဂါးပေါ်လာသလားကို သူမမည်သို့သိနိုင်မည်နည်း။ အိုင်နိုဟူသည့်ယောက်ျားက နယ်စပ်မြို့၌ နဂါးဟိန်းခဲ့သည်ဟု ပြောစဉ်တွင် သူမပြုံးကာ သိသလိုဟန်ဆောင်ခဲ့သည်။

ဤနည်းအားဖြင့် သူမက နဂါးနှင့်ဆက်သွယ်နိုင်သကဲ့သို့ ဆက်လက်ဟန်ဆောင်နိုင်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် တောင်တန်းများပေါ်တွင် နဂါးမရှိဟု သူမသိနေခြင်းမှာ မောရစ်တောင်တန်းများဆီမှ ပြန်လာရုံရှိသေးသော စွန့်စားသူတစ်ယောက်နှင့် လမ်း၌ တွေ့ဆုံခဲ့သောကြောင့်ဖြစ်သည်။ နဂါးကင်းမဲ့နေခြင်းအကြောင်းကို ပြောပြပြီးနောက် ထိုစွန့်စားသူက သေဆုံးသွားသည်။

ထို့ကြောင့်နဂါးက စတူဒီယန်အပေါ်လက်လျှော့လိုက်ပြီဟု လေဒီယာကောက်ချက်ချပြီး အရေးအရာများကို နဂါးနာမည်ဖြင့် လှန်လှောပစ်ရဲခြင်းပင်။ တစ်စုံတစ်ယောက်က သူမအား မေးခွန်းထုတ်လာသောအခါ နဂါးကထိုနေရာတွင် မရှိတော့ကြောင်းကို သူမသေချာသိသည်။ သူမက နဂါးမည်သည့်နေရာ၌ ရှိနေသည်ကို သိနေသည့်ပုံပေါက်သဖြင့် အားလုံး၏ယုံကြည်မှုအား ရရှိခဲ့သည်။

နတ်သူငယ်တောအုပ်သို့ ရောက်ရှိပြီးနောက် နတ်သူငယ်အချို့သွားရောက်စုံစမ်းသောအခါ သူမ၏အလိမ်အညာအား အပြည့်အဝအတည်ပြုနိုင်ခဲ့သည်။

လေဒီယာစကားမပြောသော်လည်း အခြားနတ်သူငယ်က သူမအတွက် ခွန်းတုန့်ပြန်ပေးသည်။ "မင်းသမီးက ကြင်နာတတ်တော့ မကောင်းဆိုးဝါးတွေအတွက်တောင် မေတ္တာကရုဏာထားတယ်လေ။ ဒီတော့ သူမက နဂါးကို မကောင်းဆိုးဝါးတွေကိုသတ်ခွင့်ပြုမှာမဟုတ်ဘူး။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now