155 (Extra)

10.2K 1.1K 88
                                    

မိုကျန်းထွက်ခွာသွားသည်ကို အာကာသတစ်နေရာမှ ချင်းယွင်လည်း ခံစားလိုက်ရသည်။ ယခုအခါတွင် ဥပဒေပြဌာန်းသူများ၏ လုပ်ပိုင်ခွင့်ကို ယခင်ဥပဒေပြဌာန်းသူ မိုကျန်းက သူ့ထံသို့ အပြည့်အဝလွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။

ဟုတ်တာပေါ့။ တစ်ချိန်ထဲမှာပင် ချင်းယွင်က ကောင်းကင်ဘုံကျင့်ကြံသူ မွှေခဲ့သောပြဿနာများကို ဖြေရှင်းနေရရာ အချိန်အတော်ကြာမျှ အလုပ်များနေတော့မည်။

တစ်စုံတစ်ဦးသော ယောက်ျားသည်ကား heat ဖြစ်နေသည့်အတွက် အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ လုံးဝမကျေမနပ်ဖြစ်နေသည်။

ဤကြယ်သားရဲကောင်ကြီးက မည်မျှပင် ဩဇာအာဏာရှိပါစေ အခြေခံအားဖြင့် သားရဲကောင်တစ်ကောင်သာဖြစ်သည်။ သားရဲကောင်တစ်ကောင်အနေဖြင့် မိတ်လိုက်သည့်ကာလထံမှ မလွတ်ကင်းနိုင်ပေ။ ယခုအခါသူ့တွင် အသည်းလေးတစ်ယောက်ရှိနေရာ ထိုကာလဝယ် လုံးဝမအောင့်အည်းထားချင်ပေ။

သူက ကိုယ်ပိုင်ကမ္ဘာကို ချန်ထားရစ်ခဲ့ပြီး ချင်းယွင်၏နောက်ကိုသာ အပြင်လူအနေဖြင့် တစ်နေ့လုံး တွဲလောင်းတွဲလောင်းဖြင့်လိုက်နေသည်။ ယနေ့တွင်လည်း ထိုယောက်ျားက တရွေ့ရွေ့ချဉ်းကပ်နေသည်။

"အသည်းလေး၊ ဒီနောက်ပိုင်း မင်းအင်မတန် အလုပ်များနေခဲ့တာ။ ကိုယ့်အထင် ကိုယ်တို့ခွင့်ယူပြီး ပျားရည်စမ်းခရီးထွက်ကြရင်ကောင်းမလား။"

"ဟုတ်ပြီ။ ဒီကမ္ဘာမှာ တစ်ခုခုမှားနေတဲ့ပုံပေါ်တယ်။ အဲ့ဒါ ကောင်းကင်ကချပေးတဲ့ ဇာတ်လိုက်လားမသိဘူး။ဒီတော့ ကိုယ်တို့ပျားရည်ဆမ်းခရီး ထွက်ပြီးသွားနေကြမလား။"

"ကလေး၊ တွေ့လား၊ ဒါကိုယ်တို့ရောက်ဖူးတဲ့ကမ္ဘာလေ။ အဲ့ကို ပျားရည်စမ်းခရီးအနေနဲ့ ထပ်သွားကြစို့။"

ထိုယောက်ျား၏ စကားများက ပျားရည်ဆမ်းခရီးအကြောင်းမှ မထွက်တော့ရာ ချင်းယွင်တကယ်စိတ်တိုလာသည်။

နောက်ဆုံးတွင်တော့ ချင်းယွင်သည် အနောက်တွင်တည်ရှိနေပုံရသော ယောက်ျားအားလှည့်ကြည့်လိုက်သည်။ တည်ရှိနေပုံရသည်ဟု သူပြောရသည့်အကြောင်းရင်းကား ထိုယောက်ျား၏ အငွေ့အသက်သည် အာကာသတစ်ခုလုံးကို ကျယ်ပြန့်စွာလွှမ်းမိုးခြယ်လှယ်ထားပြီး ဤအာကာသထဲမှ ကမ္ဘာအားလုံးတွင် အလွန်စွမ်းအားကြီးနေသောကြောင့်ဖြစ်သည်။ ဤသတ္တဝါက သူတို့၏ဥပဒေပြဌာန်းသူအပေါ် ပိုင်ဆိုင်မှုကို တရားဝင်ကြေငြာထားသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now