53

9K 1.5K 229
                                    

ချင်းယွင်က မျက်ဝန်းများကို ပွတ်ရင်း ခုနကလေးတင်သူနှင့်ပက်သက်၍ တစ်ခုခုမှားသွားကြောင်း မခံစားမိသော်လည်း ရှိန့်ဖုန်း၏ ရင်ခွင်ထဲ၌ရုန်းနေသည်။

ရှိန့်ဖုန်းသည်လည်း သူ့ကိုမလွန်ဆန်ရဲသဖြင့် ထိုတစ်ယောက်ကို လွှတ်ပေးလိုက်ရသည်။ သူက လက်ကိုင်ပဝါအသန့်တစ်ထည်ကို ထုတ်လိုက်ပြီး ချင်းယွင်အား ၎င်းကိုရေဖြင့်စိုစွတ်စေကာ သူ့မျက်နှာကို ညှင်သာစွာသုတ်လိုက်သည်။

ညဉ့်နက်လာပြီဖြစ်သဖြင့် အခြားသူများက သူတို့ယာဉ်များဆီသို့ ပြန်သွားသည်မှာ ကြာပြီဖြစ်ရာ အပြင်ဘက်၌ ရှိန့်ဖုန်းနှင့်ချင်းယွင်သာ ထိုင်ကျန်ခဲ့သည်။ ရှိန့်ဖုန်းက ချင်းယွင်အအေးမိမည်စိုးသဖြင့် ချင်းယွင်ကိုပုတ်လိုက်ကာ ကားဆီပြန်သွားရန်ပြောလိုက်သည်။ ထိုကလေး မရှိတော့သည့် အခွင့်ကောင်းကိုယူကာ လက်ထဲမှခိုကင်ကို တစ်ခုလုံးမျိုချပစ်လိုက်သည်။

ရှိန့်ဖုန်း ကားဆီပြန်ရောက်သောအခါ ချင်းယွင်က ရှေ့ထိုင်ခုံ၌ အိပ်ပျော်နေပြီဖြစ်သည်။ သူ ထိုကလေးကိုနှိုးကာ အနည်းငယ်ထပ်စားရန်ပြောချင်သော်လည်း ထိုကလေး၌ အခြားဘာမှစားချင်စိတ်ရှိမည်ဟုလည်း မထင်ပေ။ ထို့ကြောင့် သူလက်လျှော့လိုက်ပြီး စောင်တစ်ထည်ခြုံပေးလိုက်ကာ သူကိုယ်တိုင်က မျက်လုံးမှိတ်၍ အနားယူလိုက်သည်။

သို့သော် အနောက်ခုံ၌ အိပ်ပျော်နေခဲ့သော လုချန်ဖုန်းက နိုးလာပြီး ရှိန့်ဖုန်းကို ခေါ်လိုက်သည်။ "အစ်ကိုဖုန်း၊ ခင်ဗျားဘယ်လိုလုပ်ပြီး..."

ခင်ဗျားဘယ်လိုလုပ်ပြီး ဒီအရူးကောင်ကို စိတ်ဝင်စားသွားတာလဲ။

"ရှူး " ရှိန့်ဖုန်းက လုချန်ဖုန်း၏ စကားများကိုဖြတ်လိုက်ပြီး ထိုင်ခုံပေါ်၌အနည်းငယ်လှုပ်သွားသော ချင်းယွင်ကို ညွှန်ပြလိုက်ကာ လုချန်ဖုန်းအား တိတ်စေလိုက်သည်။

လုချန်ဖုန်းမှာ ရွေးစရာမရှိဘဲ ထပ်အိပ်လိုက်ရတော့သည်။

အခြားတစ်ဖက်တွင် ရှိန့်ဖုန်းက သူမျက်လုံးတဖြည်းဖြည်းပြန်မပိတ်ခင် ချင်းယွင်ထိုင်ခုံ၏ အနေအထားအားညှိပေးခဲ့သေးသည်။ လုချန်ဖုန်း ဘာမေးတော့မည်အား သူသေချာပေါက် သိပြီး ထိုမေးခွန်း၏ အဖြေကို ရှိန့်ဖုန်းကိုယ်တိုင်လည်း မသိပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now