101

6.5K 1.3K 79
                                    

နောက်ဆုံးတွင်တော့ မင်းသမီးက မြို့စားအိုလ်ဆန်၏ အဝေးသို့လျှောက်လာသည်ကို တွေ့သောအခါ စိရိုဒီ စိတ်သက်သာရာရကာ သက်ပြင်းချမိသည်။ ဤရက်များအတွင်းတွင် မင်းသမီးက ထိုယောက်ျားနှင့် အလွန်နီးကပ်နေသည်။ မင်းသမီးအပေါ် မြို့စားအိုလ်ဆန်၏ သဘောထားက အမြဲတမ်းကွဲပြားသော်လည်း ထိုအန္တရာယ်များသူနှင့် 'နူးညံ့သော' မင်းသမီးတို့ အတူတကွရပ်နေသည့်အချိန်တိုင်း စီရိုဒီက သဘာဝအကြောက်တရားကြောင့် အမြဲစိုးရိမ်ပူပန်နေရသည်။

ထို့အပြင် စီရိုဒီအတွက်ပိုထူးဆန်းနေသည်မှာ မြို့စားအိုလ်ဆန်နှင့် တွေ့ဆုံစဉ်ကတည်းကပင် သူတို့တောအုပ်အလယ်ခေါင်မှ တောက်လျှောက်ခရီးနှင်လာသော်လည်း သားရဲကောင်များ၏ တိုက်ခိုက်မှုကို လုံးဝမရင်ဆိုင်ရပေ။

စီရိုဒီ ထပ်မံ၍ အကူအညီမဲ့စွာ ပြုံးမိသည်။ မင်းသမီး၏ တိုးတက်လာမှုကို သာမန်မျက်လုံးနှင့်ပင် မြင်နိုင်သည်။

ထိုယောက်ျားထံမှ မင်းသမီးသင်ယူလာခဲ့သော မှော်ပညာအရ ထိုလူအကြောင်းကို စိုးရိမ်ရန်မလိုကြောင်းအား သူတို့ကဲ့သို့အစောင့်အကြပ်များက ပြောနိုင်သည်။

ဂျွိုက်၏ တိုးတက်မှုကိုကြည့်ကာ ဟျု့စ်၏နှလုံးသားသည်လည်း ရှုပ်ထွေးနေသည်။ ဤဆယ်ကျော်သက်ကောင်လေး၏ အပြုအမူက အတိတ်မှပုံစံနှင့် အလွန်ကွာခြားသည်။ သူက နောက်ပြန်လှည့်ရန်အတွက် မအော်ဟစ်တော့သကဲ့သို့၊ သူက မင်းသမီးလေဒီယာမဟုတ်ဟုလည်း သက်သေပြရန်မကြိုးစားတော့ပေ။ ထိုအစားသူက အဖြစ်မှန်ကို လက်ခံလိုက်ပုံဖြင့် လေးနက်စွာ စတင်သင်ယူနေပြီး သူ့ကိုယ်သူနည်းနည်းချင်းစီ သန်မာလာစေရန် ကြိုးစားနေသည်။ သူက မင်းသမီး၏ အနေအထားကိုပင်သုံးကာ....အစောင့်အကြပ်များဖြစ်သော သူတို့အား စတင်ချိုးနှိမ်နေပြီဖြစ်သည်။

ယခုအခါ ဟျု့စ်က မည်သူမျှမရှိနေသည့်အချိန်တွင် မင်းသမီး၏ရထားလုံးထဲသို့ ယခင်အတိုင်းခိုးဝင်ကာ ဆယ်ကျော်သက်လေးအား မဟောက်ရဲတော့ပေ။ အဘယ့်ကြောင့်ဆိုသော် သူအနားကပ်သွားတိုင်းတွင် မင်းသမီးအားအချိန်တိုင်း စောင့်ကြပ်နေသော နတ်သူငယ်သူရဲကောင်းများကို မဆိုထားနှင့် ဘယ်ကပေါ်လာမှန်းမသိသော မြို့စားအိုလ်ဆန်ကလည်း သူ၏အနီရင့်ရောင်မျက်ဝန်းများဖြင့် ချက်ချင်းလှည့်ကြည့်လေ့ရှိသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now