110

7.2K 1.5K 130
                                    

မောရစ်နိုးလာသည်နှင့် နှလုံးသားထဲ၌ ရုတ်တရက်ထိတ်လန့်လာသည်။ ထိုအကြောင်းကို သူများစွာ မတွေးနိုင်သေးပေ။ သူ့ခန္ဓာကိုယ်ပေါ်တွင် ကာရံထားသော ရေခဲလွှာများ ကွဲကြေသွားစေရန်အတွက် ခန္ဓာကိုယ်ကိုလှုပ်လိုက်သည်။ မြေကြီးအောက်ရှိ အေးစက်စက်ရေကန်ထဲမှ သူတစ်ဟုန်ထိုးပြေးထွက်ကာ ကောင်းကင်ဘက်ဦးတည်၍ဟိန်းလိုက်သည်။

ဒေါသထွက်နေသောနဂါး၏ ဟိန်းဟောက်သံက ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ချက်ချင်းတုန်ခါသွားစေသည်။

ဂျွိုက်က သူ့ကိုခေါ်လိုက်တာလား။

အန္တရာယ်ကြုံလာပါက သူ့အားခေါ်လိုက်ရန်အတွက် သူ မထွက်သွားခင်တွင် ဂျွိုက်ကိုမှာခဲ့သည်။ သို့သော် သူ့အဖိုးတန်လေးက မည်မျှမာနကြီးသည်ကို မောရစ်သိသည်။ သူက သူ့အကူအညီကို အလွယ်တကူတောင်းခံမည်မဟုတ်သောကြောင့် နတ်သူငယ်ဘုရင်နှင့် အခြားသူများကို သူ့ဂျွိုက်အားကာကွယ်ရန် အထူးတလှယ် ခြိမ်းခြောက်ခဲ့ခြင်းပင်။

သူ့ဂျွိုက်က သူ့နာမည်ကို ခေါ်ရလောက်သည်အထိ မည်မျှအန္တရာယ်များသော အခြေအနေကို ကြုံနေရသနည်း။

မောရစ်၏နှလုံးသားထဲ၌ ဒေါသဖြင့် လောင်ကျွမ်းနေပြီး မျက်ဝန်းများချက်ချင်းနီရဲလာသည်။ နတ်သူငယ်ဘုရင်၊ မကောင်းဆိုးဝါးဘုရင်နှင့် သားရဲဘုရင်တို့က သူ့ကလေးကို ဘယ်လိုများစောင့်ရှောက်နေကြသနည်း။

မောရစ်က နတ်သူငယ်တောအုပ်ဆီသို့ ကြီးမားသောအရှိန်အဟုန်ဖြင့် ပျံသန်သွားသည်။ သူ့ခေါင်းထဲတွင် ဒေါသတလိမ့်လိမ့်ထွက်နေပြီး ရေအေးထဲ၌ နှစ်ရက်သာစိမ်ခဲ့ရသဖြင့် အနည်းငယ်သာဖိနှိပ်ထားနိုင်သော လောင်ကျွမ်းနေသည့် အပူက သူ့စိတ်ဝိညာဉ်ထဲ၌ ပိုပြင်းထန်သောနည်းလမ်းဖြင့် ပြန်ပေါ်လာသည်။

နိုင်လိုမင်းထက်ဆန်မှုပြည့်နေသော မျက်ဝန်းများဖြင့် အမည်းရောင် ဧရာမနဂါးကြီးသည် သူ့ရတနာအတွက် ဇောကပ်နေသဖြင့် ကြည်လင်ပြတ်သားမှု အနည်းငယ်သာကျန်တော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူကနတ်သူငယ်တောအုပ်အစပ်သို့ ရောက်ရှိသွားသည်။ မောရစ် သွေးနံ့အရိပ်အငွေ့ရလိုက်သည်။ သူ့ရတနာ၏ သွေးနံ့ပင်။ သူ့နှလုံးသားတုန်ယင်သွားပြီး သွေးနံ့ထွက်လာရာသို့ လှမ်းကြည့်လိုက်သည်။ သူ၏စူးရှသောအမြင်အာရုံကြောင့် မြက်ခင်းပေါ်မှ ရဲရဲနီသောသွေးအား မောရစ်ထင်ရှားစွာ မြင်လိုက်ရသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now