84

8.5K 1.5K 159
                                    

ချီယူက ချင်းယွင်၏ အောင်အောင်မြင်မြင် ရှောင်တခင်တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်ထဲ အပူလှိုင်းတစ်ခု ကြွလာကာ ရူးတော့မလိုပင်။ သူ့ကိုယ်ထဲမှ အတွင်းအားတစ်စိတ်တစ်ပိုင်းကို သုံးကာ ခန္ဓာကိုယ်၏ တုံ့ပြန်မှုအား ချီယူချက်ချင်းဖိနှိပ်လိုက်သော်လည်း ရင်ဘတ်ထဲ၌ တုန်လှုပ်နေဆဲပင်။

သူချင်းယွင်၏ လက်အား လက်ပြန်ချုပ်လိုက်ပြီး ရင်ခွင်ထဲသို့ ခပ်ကြမ်းကြမ်းဆွဲသွင်းလိုက်သည်။

နီးကပ်စွာ ထိတွေ့မှုကြောင့် ချင်းယွင်ရင်းနှီးနေသောရနံ့အား ချက်ချင်းရလိုက်ပြီး မျက်နှာကြီး မဲသွားသည်။

တတိယမင်းသားအား သစ္စာခံထားသည့် မြောက်ပိုင်းဗိုလ်ချုပ်ကြီး တစ်နည်းအားဖြင့် ယန်ဆာ၏ ခေါင်းကိုပင်ဖြတ်ရန် ကြံစည်နေသူက သူရှာဖွေနေသောယောက်ျားဖြစ်နေသည်။

ချင်းယွင်က သူနှင့်ဘယ်အချိန်၌ တွေ့လောက်မည်နည်းဟု စဉ်းစားနေချိန်တွင် ဤယောက်ျားက သူ့ကိုမည်သို့လုပ်ကြံရမည်အား စဉ်းစားနေသည်။

"သခင်လေးက ဒီလိုကလိမ်ကျတတ်မယ်လို့ မထင်ထားမိဘူး။ " ဖြစ်အံ့ဆဲဆဲ ဘေးကျပ်နံကျပ်ကာလကို မခံစားမိသော ချီယူက ရယ်နေသည်။ သူက လူငယ်လေး၏ အနည်းငယ်ဖြူဖျော့နေသော နှုတ်ခမ်းများအား ကြည့်ကာ နွေးထွေးသောအသံဖြင့် ပြောလိုက်သည်။ "မင်းရဲ့ ခန္ဓာကိုယ်အဓိကနေရာက ပျက်စီးနေတယ်။ အားထပ်မသုံးနဲ့။ မဟုတ်ရင် မင်းရဲ့ခန္ဓာကိုယ်က ခံနိုင်မှာမဟုတ်ဘူး။ "

မည်သို့ပင်ဆိုစေ ထိုစကားများ သူ့ပါးစပ်ထဲမှ ထွက်သွားသည်နှင့် သူ့ကိုလေပြင်းတစ်ချက် လာရိုက်သကဲ့သို့ ခံစားရပြီး ချင်းယွင်ထံမှ ချက်ချင်းနောက်ပြန်ကန်ခံလိုက်ရသည်။

"ဖယ်စမ်း။ " လူငယ်လေး၏ ဒေါသတကြီး ခပ်မာမာအသံက ချီယူ၏နားထဲ၌ သာယာနေသည်။ လူငယ်လေးဘာကြောင့် ငြိုငြင်နေသည်ကို ချီယူမသိသော်လည်း ထပ်စချင်လာသည်။

တစ်စုံတစ်ယောက်ကို နန်းစောင့်တပ်အား သွားခေါ်ရန် စေခိုင်းထားသူ ဝေ့လင်းမှာ ခေါင်မိုးပေါ်တွင် ရောထွေးနေသော လူနှစ်ယောက်အား ကြည့်ပြီး မေ့လဲတော့မလိုပင်။ မင်းသားကြီး၊ ဒါ မယုံကြည်နိုင်လောက်အောင် အားနည်းတဲ့ မင်းသားကြီးလေ၊ သူသာအောက်ကျသွားရင်...

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now