105

6.3K 1.4K 33
                                    

နယ်စပ်မြို့တွင် တိုက်ပွဲစတင်လေပြီ။ ဆိုလိုသည်မှာ မကောင်းဆိုးဝါးများက လူပုလေးမျိုးနွယ်စုတစ်ခုလုံးအား သိမ်းယူပြီးဖြစ်ကာ နောက်အလှည့်ရောက်လာသူမှာ လူသားမျိုးနွယ်ပင်။ နယ်စပ်တွင်ဖြစ်နေသော်လည်း အလွန်သက်တောင့်သက်သာရှိသော ဤမြို့ငယ်လေးက နောက်ဆုံးတွင် ကြောက်စရာအကောင်းဆုံးငရဲအား ကြိုဆိုလိုက်ရသည်။

သူတို့အား ကျရှုံးစေသည်မှာ ရဲရင့်ကာရက်စက်သော မကောင်းဆိုးဝါးများ မဟုတ်ဘဲ သူတို့ကိုယ်တိုင်သာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော မကောင်းဆိုးဝါးများက မြို့တံခါးကို မချိုးဖျက်လာနိုင်စဉ်တွင်ပင် တစ်မြို့လုံးမှလူများက တိုက်ခိုက်ချင်စိတ်ပျောက်ကွယ်ပြီးဖြစ်ကာ ဘယ်နေရာ၌ပုန်းရမည်မှန်းမသိလောက်အောင် ကြောက်စိတ်မွှန်နေသည်။

မြို့ကိုစောင့်ရှောက်နေသော စစ်သားများမှာ နဂိုထဲကရှားပါးသည်။ မြို့ဝန်အိမ်မှ အစောင့်အရှောက်များနှင့် ပေါင်းလိုက်လျှင်ပင် မကောင်းဆိုးဝါးစပ်တပ်နှင့် မယှဉ်နိုင်ချေ။

ချင်းယွင်က လမ်းတစ်လျှောက်လုံး အစောင့်ရှောက်ခံ၍ ရထားလုံးဆီသို့သွားကာ ထိတ်လန့်နေကြသောလူအုပ်အားဖြတ်ပြီး မြို့ဝန်အိမ်မှထွက်သွားသည်။

ထိုစစ်သားများနှင့် ဧည့်သည်များက မင်းသမီး၏ကိုယ်ပိုင်လက္ခဏာ ရထားလုံးကိုတွေ့သောအခါ လမ်းဖယ်ပေးကြသည်။ သူတို့က ရထားလုံးကိုကယ်တင်ခြင်းမီးတောက်ကဲ့သို့ ကြည့်နေကြသည်။

"မြန်မြန်၊ မင်းသမီးကို ဖယ်ပေးလိုက်။ သူတို့မောရစ်တောင်တန်းကို ရောက်သွားရင် မင်းသမီးက နဂါးကို နှိုးလိမ့်မယ်။"

နဂါး။ နဂါးဆီကိုသွားမှာ။ နဂါးကိုသာ နှိုးနိုင်ရင် ငါတို့ကယ်တင်ခံရလိမ့်မယ်။

မင်းသမီးရှိနေမှုက နယ်စပ်မြို့သားများအား သူတို့၏ကယ်တင်ရှင်ကို တွေးမိစေသည်။ သူတို့က ထိတ်လန့်မှုမှ ရုန်းထွက်ပြီးသောအခါ ပထမဆုံးတွေးမိသည်မှာ ပုန်းခိုကာလွတ်မြောက်ရန်မဟုတ်ဘဲ မြို့ထဲမှ နဂါးရုပ်တုအောက်၌ ဒူးထောက်ကာ ဆုတောင်းရန်ပင်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now