14

14K 1.8K 128
                                    

Xiao Chengzhe က အဖေ Xiao ၏ ဒေါသကိုသိပြီး၊ ထိုသူက ကိုယ်အောက်ပိုင်းကို မထိန်းနိုင်သည့် ယောက်ျားကို သည်းမခံနိုင်ကြောင်း သိခဲ့သည်။ ထို့ကြောင့် သူက Xiao Chengnuo ကို Xiao မိသားစုထံမှ ဖယ်ရှားပစ်ရန် တချက်ထဲဖြင့် တိုက်ခိုက်ခဲ့သည်။

" ကျွန်တော့်ကို မမေးတော့ဘူးလား။ အပြင်လူ ပြောတဲ့စကားကြောင့်နဲ့ ကျွန်တော့်ကို အပြစ်တင်တော့မှာလား။ " Qing Yun က အဖေ Xiao ၏ အကြည့် မလွှဲဘဲ ပြောလိုက်သည်။ ထိုကဲ့သို့သော အဖေ Xiao ၏ စိတ်ထားကြောင့် Xiao Chengnuo က Xiao Chengzhe ၏ ချောက်ချခံခဲ့ရသည်။

" သက်သေတွေက ငါ့ရှေ့မှာ ငါ့မျက်စိနဲ့ မြင်လိုက်တာပဲ။ မင်းက ဘာတွေ ငြင်းချင်နေတာလဲ။ " အဖေ Xiao ၏ လက်ချောင်းများက ဒေါသကြောင့် တုန်ရီလာသည်။

" ကျွန်တော် မလုပ်ခဲ့တာအတွက် ကျွန်တော်က ဘာတွေ ဝန်ခံရမှာလဲ။ " Qing Yun က ဒေါသဖြင့် ပါးစပ်ဟ၍ ပြုံးပြလိုက်သည်။ ထိုအဖေသည် ဤအတိုင်းပင်။ Xiao Chengnuo က သူ၏ ပျားသကာကဲ့သို့ အပြောချိုသော အစ်ကိုကို ပိုယုံကြည်သည်မှာ မထူးဆန်းတော့ပေ။

Xiao Chengzhe က လုပ်စရာ မရှိတော့သဖြင့် သူ့ဆီပြေးလာကာ နှစ်သိမ့်သည်။ " Nuo လေး မင်းစကားနည်းနည်းပဲ ပြောသင့်တယ်။ "

၎င်းကို ကြားသောအခါ Qing Yun က သူ့ကို နက်ရှိုင်းစွာ ကြည့်လိုက်သည်။ အတိတ်က Xiao Chengnuo စွပ်စွဲခံရစဉ်ကလည်း Xiao Chengzhe က သူ့ကိုယခုကဲ့သို့ပင် နှစ်သိမ့်ပေးခဲ့သည်။ နာခံတတ်သော Xiao Chengnuo က လည်း ပြန်မပြောဘဲ သူ့ဆီဖြစ်လာသော အရာများကို ခံယူခဲ့သည်။

သို့သော် Qing Yun ကတော့ သည်းမခံနိုင်ပေ။

" နားထောင်။ ကျွန်တော် အဲ့ဒီ့မိန်းမကို တစ်ချက်ကလေးမှ မထိခဲ့ဘူး။ ပြီးတော့ သူသာ ကျွန်တော် သူမကို အဓမ္မကျင့်ခဲ့တယ်လို့ သက်သေပြချင်ရင် ကျွန်တော်နဲ့ အချိန်မရွေး လာတွေ့နိုင်ပါတယ်။ " ထိုသို့ ပြောရင်းနဲ့ပင် Qing Yun က Xiao Chengzhe ကို လှည့်ကြည့်လိုက်သည်။ "ကျွန်တော်ကို ဘယ်သူ ​ဆေးခတ်လိုက်တယ် ဆိုတာလည်း ရှာရမယ်။ "

Xiao Chengzhe နှင့် ရေချိုးခန်းထဲမှ အတွင်းရေးမှူး Miao က တုန်လှုပ်သွားသည်။ ဘယ်တုန်းကမှ မထက်မြက်ခဲ့သည့် ဒုတိယသခင်လေး က အခုမှ ဘာလို့ ဒီလောက် နိုးနိုးကြားကြား ရှိနေရတာလဲ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now