56

9.3K 1.5K 117
                                    

ရှိန့်ဖုန်းက စိတ်ရှုပ်ထွေးနေသော မျက်နှာဖြင့် ဆံပင်ကိုဆွဲဆုပ်လိုက်သော်လည်း သူ၏ရိုးသားသော ခြေထောက်များမှာ ထိုတစ်ယောက်အနောက်လိုက်သွားသည်။ သူ ရေချိုးခန်းတံခါးအနား ရောက်ရုံသာရှိသေးသည်၊ ခုနကထွက်သွားသော လူငယ်လေးက နောက်ပြန်လှည့်ဝင်လာပြီး သူ့အား ပြန်ကြည့်နေသည်။ သူ ဆေးကြောမသန့်စင်ရသေးဘဲ ဘာကြောင့်ထွက်လာမိသည်အား တကယ်အံ့ဩနေပုံပင်။

၎င်းမှာ ငါးနှစ်သား 'သူ' ပင်။

ရှိန့်ဖုန်းမှာ ချက်ချင်းသတိထားမိသွားသည်။ သူ့ခန္ဓာကိုယ်မှ မပျောက်ကွယ်သေးသော တုံ့ပြန်မှုမှာ သူ့အားပိုရှက်သွားစေသည်။ ဤချင်းယွင်က ငယ်သေးပြီး ဘာမှနားမလည်မှန်း သူသိသော်လည်း သောကဖြင့် ခြေထောက်ခွင်ထားမိသည်။

ကလေးက အကြည့်သန့်သန့်လေးဖြင့် ငေးနေသည်။ ၎င်းမှာ ရှိန့်ဖုန်းအား ရေခဲတစ်ပုံးလောင်းလိုက်သလိုဖြစ်ကာ သူ့ခန္ဓာကိုယ်က ချက်ချင်းတည်ငြိမ်သွားသည်။

"ချင်း...ချင်း...ယွမ်လေး " ရှိန့်ဖုန်းက အသံရှည်ဆွဲ၍ ချင်းယွင်၏ ပုံစံနှစ်ခုကို သီးခြားနာမည်တပ်ခေါ်လိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို ခေါ်နေတာလား။ " ရှိန့်ဖုန်း၏ ရုတ်တရက်နာမည်ပြောင်းခေါ်မှုကြောင့် ကလေးကခေတ္တ အံ့အားသင့်သွားသော်လည်း သူ့အသံထဲ၌ မကြိုက်သည့်ပုံ မပေါ်ပေ။ ထိုအစား ပျော်ရွှင်စွာ လက်ခံနေသံပင် ပေါက်သေးသည်။

"ဟုတ်တယ်...အခုကစပြီး ကိုယ်မင်းကို ဒီလိုပဲခေါ်တော့မယ်။ ရလား။ " ရှိန့်ဖုန်းက မတ်မတ်ပြန်နေလိုက်ပြီး ကလေး၏ ဆံပင်ထိပ်လေးအား ထိလိုက်သည်။

ချင်းယွင်က နာမည်အား ပျော်ရွှင်စွာ လက်ခံသည်။ အခြားသူများ၏ မိဘများက သူတို့၏ကလေးများအား ချစ်စနိုးနာမည်များဖြင့် ခေါ်လေ့ရှိကြသည်ကို သူတွေ့ဖူးသော်လည်း ယခင်က သူထိုသို့အခေါ်မခံရဖူးပေ။

ကလေးလေး ရေချိုးကန်ထဲသို့ ဝင်သွားသည်ကိုကြည့်နေပြီးနောက် ရှိန့်ဖုန်းက သူ့ပါးစပ်ကို ကာ၍ ရေချိုးခန်းထဲမှ ထွက်သွားသည်။

အစောနက လူငယ်လေးသည် အတည်တိုက်ခိုက်ခဲ့သည်။ ထိုအားက ရှိန့်ဖုန်း၏ လည်တိုင်ကျိုးလုနီးပါးဖြစ်စေသော်လည်း  ထိုကဲ့သို့ အသက်အန္တရာယ်ခြိမ်းခြောက်နေသော အခြေအနေမှာပင် ရှိန့်ဖုန်းမှာ ချင်းယွင်အား အနည်းငယ်မျှပင် သတိထားရှောင်တိမ်းရန် မတတ်နိုင်ခဲ့ပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now