57

8.8K 1.4K 74
                                    

ထိုယောက်ျား၏ အလောတကြီး ထွက်ပြေးသွားမှုမှာ ယခင်ကမ္ဘာများတုန်းကလိုပင် ချင်းယွင်အားတခစ်ခစ်ရယ်မောစေသည်။ မျက်ဆန်လှည့်လိုက်ပြီး နောက် ဝရန်တာဘက်ထွက်ကာ အောက်သို့ကြည့်လိုက်သည်။ လုချန်ဖုန်းက တိုက်ထဲမှ ခလုတ်တိုက်လုမတတ် ထွက်သွားကာ အဝေးသို့ ပြေးသွားသည်။

ချင်းယွင်က လုချန်ဖုန်းကို တမင်သက်သက် လွှတ်ပေးလိုက်ခြင်းပင်။ ဤကမ္ဘာ၏ ဇာတ်ကြောင်းအရ စုပ်ယူခြင်းစွမ်းအင်ရှိသော လုချန်ဖုန်း ပင်ဖြစ်စေ၊ သူကဲ့သို့စိတ်စွမ်းအင်ရှိသော စမ်းသပ်လူသားပင်ဖြစ်စေ အဓိကဇာတ်လိုက် ရှိန့်ဖုန်းအတွက် အလုပ်အကျွေးပြုရသူများသာ ဖြစ်ခဲ့သည်။

အတိတ်တွင် ချင်းယွင်က ဇာတ်လိုက်၏ လမ်းကိုနှောက်ယှက်ရန် နည်းလမ်းများကို အမြဲရှာဖွေတွေ့ရှိခဲ့သော်လည်း ဤတစ်ကြိမ်တွင် ကွဲပြားသည်။ လွဲနေသော လမ်းကြောင်းသာ မူလဇာတ်ကြောင်းအတိုင်း ပြန်ဖြစ်သွားလျှင် ရှိန့်ဖုန်း မည်သည်ကိုရွေးမည်အား သူတွေ့ချင်မိသေးသည်။

ရှိန့်ဖုန်း ပြန်ထွက်လာကာ စားပွဲ၌ထိုင်၍ ငါးနှစ်သား ချင်းယွင်လေးကိုစောင့်နေသည်။ ချင်းယွင်လေး၏ ကြည်လင်သောအကြည့်က ရှိန့်ဖုန်းအား ဘာအတွေးမှ မဖြစ်စေခဲ့သဖြင့် သူစိတ်သက်သာရာရသွားသည်။

သို့သော် သူထိုကလေး၏ မျက်ရည်လည်နေသော မျက်ဝန်းများကို တွေ့သောအခါ သူစိတ်သက်သာရတာ စောသွားကြောင်း သဘောပေါက်သွားရသည်။

ချင်းယွင်လေးက သူ့ခိုကို ရှာမတွေ့ပေ။

"ကျွန်တော့်ခို ဘယ်မှာလဲ။ " ချင်းယွင်လေးက မျက်ရည်များနှင့် တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ရှိန့်ဖုန်းကို ကြည့်နေသည်။ သူ့အကြည့်တွင် စွပ်စွဲမှုများအပြည့်ပင်။ "သူက သူ့ဘာသာသူတော့ ပြေးသွားမှာမဟုတ်ဘူး။.... "

ရှိန့်ဖုန်း ချွေးစေးများထွက်လာကာ ဦးနှောက်ကို အလုပ်ပေးရတော့သည်။ သူ ချင်းယွင်လေးကို ဘယ်လိုရှင်းပြရမလဲ။

"ဒီမှာ ကျွန်တော်တို့ နှစ်ယောက်ပဲရှိတာလေ။ ခင်ဗျားစားလိုက်တာလား။ "

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now