125

8K 1.4K 42
                                    

ချင်းယွင် ဟင်ခနဲ ဖြစ်သွားပြီးနောက် ရယ်လိုက်ကာ ထိုယောက်ျားပို့သည့် စာတိုအားလစ်လျူရှုလိုက်သည်။

ကျောင်းသားများစွာ ကျောင်းထွက်သွားသော်လည်း အံ့အားသင့်သရာကောင်းသည်မှာ မည်သူကမှထိုနေ့ကအဖြစ်အပျက်ကို အာရုံမစိုက်ခြင်းပင်။ ဤသည်မှာ ဝေ့ချန်းရှူ၏စွမ်းရည်ပင်။ သူသာ တစ်စုံတစ်ယောက်နှင့် စာရင်းရှင်းချင်လျှင် မည်သူကမှ အမှားရှာမတွေ့နိုင်သည့် နည်းလမ်း၊ သို့မဟုတ် နောက်ကွယ်၌စေခိုင်းသူရှိကြောင်းကိုပင် သတိမထားမိစေသောနည်းလမ်းဖြင့် လှုပ်ရှားနိုင်သည်။

ယခင်ဖြစ်ရပ်ကို ဦးဆောင်သူကျောင်းသားများအားလုံး ကျောင်းထွက်သွားကြသည်။ အပျော်တမ်းလာကြည့်ကြသောကျောင်းသားများမှာမူ သူတို့၏မိသားစုများက ဝေ့ချန်းရှုပေါ်လာသည်ဟု ကြားသည်နှင့် ထိုနေ့မှဖြစ်ရပ်အား မျိုချလိုက်ရန် မှာကြားခံရသည်။

ချင်းယွင်အား ဝေ့မိသားစုမှလာကြိုသည်ကို ရှန်ချန်ကျင်းမတွေ့ရခြင်းမှာမူ တစ်စုံတစ်ဦးသောယောက်ျားသည် ကျောင်းဘေး၌ အိမ်ရာတစ်ခုဝယ်လိုက်ပြီး ချင်းယွင်ကို နေ့တိုင်းလမ်းလျှောက်၍ လာကြိုသောကြောင့်ပင်။

ထိုယောက်ျားအကြောင်းတွေးရင်း ချင်းယွင်သမ်းဝေလိုက်သည်။ ဝေ့ချန်းရှု၏ ဘဝတစ်လျှောက်လုံး၌ အပြင်ထွက်သည်မှာ ရှားသော်လည်း ယခုအခါတွင် သူက နေ့တိုင်းကျောင်းသို့ လာကာ မထင်မရှားနေရာတွင်နေ၍ ချင်းယွင်အားစောင့်ကြိုနေရန် လိုလိုလားလားပင်။ ဤသို့လိမ္မာနေပုံက ချင်းယွင်၏ဒေါသအား အများအပြားလျော့ပါးသွားစေသည်။

သို့သော် တစ်ချက်ရှိသေးသည်မှာ ဤယောက်ျားက သူလွှဲပြောင်းပေးသောစွမ်းအားကို လက်မခံချင်သေးပေ။ သူက အဓိကအချက်ကို တွယ်ကပ်နေသည်။ ဤသည်က ချင်းယွင်အား ကူကယ်ရာမဲ့စေပြီး အနည်းငယ်စိတ်ရှုပ်ထွေးစေသည်။ စွမ်းအင်အနည်းငယ်လေးအား ထိုယောက်ျားဘာကြောင့် အလွန်တန်ဖိုးထားနေရသနည်း။

ယခုအခါတွင် ချင်းယွင်က အလွန်သန်မာနေပြီဖြစ်သည်။ သူ၏စိတ်ဝိညာဉ်မှာ မကူးပြောင်းခင်ကထက် အကြိမ်ထောင်ပေါင်းများစွာ ပိုသန်မာလာသည်ဟု ခံစားရသည်။ ၎င်းက အရည်အချင်းပြည့်မှီစွာပြောင်းလဲသွားလေပြီ။ ထို့ကြောင့် ယခုအခါဤကမ္ဘာ၌ ချင်းယွင်က ကောင်းကင်ဘုံကျင့်ကြံသူအား ဂရုတစိုက်ရှောင်ရှားနေစရာပင် မလိုပေ။ သို့သော် ကောင်းကင်ဘုံကျင့်ကြံသူ၏အငွေ့အသက်က အလွန်အမင်းဖျော့တော့လာသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now