156 (Extra)

6K 1K 47
                                    

ယန်လင်ဟောက်ကို ကုမိသားစု၏အိမ်အနီးမှ မူလတန်းကျောင်းတစ်ခုတွင် ကျောင်းအပ်လိုက်သည်။ ဝင်ခွင့်လုပ်ထုံးလုပ်နည်းများ အပြီးသတ်ပြီးနောက် ချင်းယွင် သူ့ကို ကုမိသားစုအိမ်သို့ ပြန်ခေါ်လာသည်။

ယန်လင်ဟောက်က ယန်မိသားစု၌ မွေးဖွားလာရာ အခြားမိဘမဲ့များကဲ့သို့ ကုမိသားစုအိမ်၏အလှဆင်ထားပုံကြောင့် မအံ့ဩလောက်သော်လည်း ကုမိသားစုအိမ်သို့ သူပထမဆုံးအကြိမ်အဖြစ် ရောက်သောအခါ အတော်အံ့အားသင့်မိဆဲပင်။

ကလေးက အောက်ထပ်မှ အပေါ်ထပ်သို့ 'ဖြတ် ဖြတ် ဖြတ်'ခနဲ တက်သွားပြီးနောက် အောက်ပြန်ပြေးဆင်းလာကာ ချင်းယွင်၏အခန်းအား လက်ညှိုးထိုး၍ မေးသည်။ "အစ်ကို ဒါ အစ်ကို့ အခန်းလား။ ကျွန်တော် ဝင်သွားလို့ရလား။"

ချင်းယွင်ခေါင်းညှိတ်သည်ကို တွေ့သောအခါ ယန်လင်ဟောက်က တံခါးဖွင့်ကာဝင်သွားသည်။ ထို့နောက် ချင်းယွင်၏အငွေ့အသက် စွဲကျန်နေသော အရာအားလုံးကို အသက်အရွယ်နှင့်ပင်မလိုက်ဘဲ သေချာကြည့်နေသည်။

"နောက်ပိုင်းကျရင် ကျွန်တော် အိမ်မှာ ကလေးကြိုက်အရုပ်တွေ ဝယ်ထည့်ပြီး သင့်တော်တဲ့စားဖိုမှူးတစ်ယောက်လည်း ငှားရမယ်။" ချင်းယွင်က အိမ်ထိန်းကို လှည့်ပြောပြီးနောက် ယန်လင်ဟောက်အနောက်လိုက်၍ အခန်းထဲသို့ဝင်သွားသည်။

အခန်းထဲတွင် ကောင်လေးကသူ့အိပ်ရာပေါ်၌ ထိုင်နေပြီဖြစ်သည်။ ၎င်း၏အပြုအမူက ရဲတင်းလွန်းပုံမပေါ်ဘဲ ဖော်ပြ၍မရနိုင်သော ထိန်းချုပ်ထားမှုတစ်ခုပင် ရှိနေသည်။

"အစ်ကို ကျွန်တော် ဒီည ဒီမှာအိပ်ရမှာလား။" ယန်လင်ဟောက်က မျက်လုံးပြူး၍ မေးလာသည်။ သူ၏မျက်ဝန်းများက လွမ်းဆွတ်မှုကိုပြသနေသည်။ ဤအခန်းတွင် သူနှစ်သက်သောအငွေ့အသက်များပြည့်နေကာ ယန်လင်ဟောက်အခန်းထောင့်တိုင်းအား စူးစမ်းချင်မိသည်။

"မဟုတ်ဘူး။ မင်း ဘေးအခန်းမှာ အိပ်ရမှာ။"

ချင်းယွင်၏ စကားကိုကြားသောအခါ ယန်လင်ဟောက်၏နှုတ်ခမ်းများ ချက်ချင်းတန်းသွားသည်။ သူက ခေါင်းငုံ့ကာ အောက်မှ ပိုးသားအိပ်ရာခင်းအား ဆွဲဆုပ်ထားသည်။ အချိန်အတော်ကြာ ချေမွှပြီးမှ သူကတီးတိုးပြောလာသည်။ "အစ်ကို ကျွန်တော် အမှောင်ကြောက်တယ်...အစ်ကို ကျွန်တော်နဲ့ အတူတူအိပ်ပေးမလား။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now