36 (Arc 4)

16.1K 1.7K 86
                                    

ထိုသို့ပြောပြီးနောက် Corsi က Qing Yun ၏လက်ကလေးအား ကိုင်ကာလက်ခုံကို နမ်းလိုက်သည်။

Qing Yun ကမသိစိတ်ဖြင့် လက်ကိုချက်ချင်းပြန်ဆွဲယူလိုက်ပြီး ဇဝေဇဝါ ဖြစ်နေသည့်ပုံပေါ်သည်။ ဒါဘယ်လိုအခြေအနေကြီးလဲ။ သူခုနကလေးတင် အဲ့ဒီ့နှစ်ယောက်ကို ကောင်းချီးပေးလိုက်တာလေ။ အခု ၂ယောက်ထဲက ၁ယောက်က သူ့ကိုလိုက်တော့မလို့တဲ့လား။

"Corsi မင်းအတင့်ရဲလိုက်တာ" ဒေါသထိန်းထားရသော Chris ၏အသံ ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက Qing Yun ဘေး၌ပေါ်လာပြီး လက်မြှောက်လိုက်ကာ Corsi ကိုအဝေးတွန်းထုတ်လိုက်သည်။ Corsi က Omega ဖြစ်သည့်အတွက် သူစိတ်ချလက်ချ ထားခဲ့ခြင်းပင်။ ဒီ Omega ကသူ့ Qing Yun ကိုလာအလစ်သုတ်မည်ဟု သူမထင်ထားခဲ့ပေ။

Chris က Qing Yun ၏လက်ကလေးကို ကာကွယ်လိုက်ကာ Corsi နမ်းသွားသည့်နေရာအား သူ့လက်ချောင်းများဖြင့် ပွတ်သုတ်နေသည်။ "ထွက်သွားတော့။ မင်းကို ဒီ Delaware အိမ်တော်ကနေ မကြိုဆိုတော့ဘူး။"

Corsi ကသူ့၏ ခြိမ်းခြောက်မှုကြောင့် စိတ်မကွက်သွားဘဲ သူပြန်လှည့်မထွက်သွားခင် Qing Yun အား လေးစားစွာ goodbye ဟု နှုတ်ဆက်ခဲ့သေးသည်။

ပေါက်ကွဲလုနီးပါး Chris ကိုစိတ်ငြိမ်သွားစေရန် အားသွန်ခွန်စိုက်ကြိုးပမ်းပြီးနောက် သူ့ကို ဖြားယောင်းခဲ့သော Corsi အကြောင်းပြန်တွေးမိကာ Lucas အတွက် သနားမိသွားသည်။

*****

ဗီဇချပ်ပြားပျောက်သွားခဲ့သည့် ပြဿနာက နောက်ဆုံးတော့ အဆုံးသတ်သွားသည်။

ကျဆုံးခဲ့သော သူရဲကောင်းတပ်သားများအတွက် ပြည်ထောင်စုမှ သဂြိုလ်အခမ်းအနား ကျင်းပပေးခဲ့ပြီး ပွဲတက်ရန် Jorah ကိုလည်း ဖိတ်ခေါ်ထားသည်။

ကလေးတစ်ယောက်ကို ပွေ့ချီထားသော Omega တစ်ယောက်က သူမနောက်မှ ဆံဖြူလူအိုအနည်းငယ်နှင့်အတူ Qing Yun ဆီလျှောက်လာသည်။

သူတို့သည် ကြိုးကြာနီ အာကာသယာဉ်ပေါ်တွင် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့သော စစ်သားများ၏ဆွေမျိုးများဖြစ်သည်။

Qing Yun ကသူတို့ကို မြင်ပြီးနောက် ကြောင်အသွားကာ အနည်းငယ်အပြစ်မကင်းသလို ခံစားလိုက်ရသည်။ သူက ပြည်ထောင်စုစစ်သားများ၏ ခေါင်းထဲ၌ ဇီဝလက်နက်မြှပ်နှံထားကြောင်း မသိခဲ့ပေ။ သူသာ နိုင်ငံတော်သီချင်း မဆိုခဲ့လျှင် ထိုစစ်သားငါးယောက်ကလည်း သေသွားမည်မဟုတ်ဘဲ Chris ကချပ်ပြားပြန်ယူပြီးသောအခါ သူတို့ကို ပြည်ထောင်စုစစ်သားများမှ လာကယ်ပေလိမ့်မည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now