25

11.9K 1.5K 24
                                    

ကျိုးကြောင်းမဆီလျော်မှုက Qing Yun ကိုကြောင်အသွားစေပြီး သူက ကြယ်ဓားပြများကို ဒေါသတကြီးကြည့်လိုက်သည်။ Qing Yun က ကိုယ်ကိုလှည့်လိုက်ကာ  ခြေထောက်များဖြင့် ကြယ်ဓားပြများ၏ လက်နက်ကိုင်ထားသည့် လက်မောင်းကို ဆွဲလိမ်လိုက်ပြီး သူ့ရှိသမျှအားဖြင့် လက်မောင်းကိုလိမ်ချိုးလိုက်ကာ စက်သေနတ်ကို လုယူလိုက်သည်။

အသိဉာဏ်အနည်းငယ်ဖြင့် စက်သေနတ်ရှိ စွမ်းအင်ညီမျှမှုကို နှောက်ယှက်လိုက်ကာ Qing Yun ကစက်သေနတ်ကို နောက်လိုက်လာသည့် ကြယ်ဓားပြများဆီ ပစ်လိုက်သည်။

"Boom"

ကံကောင်းစွာဖြင့် ဤကမ္ဘာ၏ ဝိညာဉ်ထိန်းချုပ်မှုက အနည်းငယ်လျော့နည်းေသာေကြာင့်သာမဟုတ်လျှင် သူဒုက္ခရောက်သွားနိုင်သည်။

Qing Yun ကတစ်ဖက်မှ ဒေါက်တာ Ramiel ကိုဆွဲထူကာ ထောင့်ချိုးတစ်ခုဆီ ဆုတ်သွားလိုက်သည်။

နောက်ဆုံး အားသွန်ကြိုးပမ်းပြီးနောက် လွတ်မြောက်ယာဉ်ငယ်များ ရှိရာသို့ သူရောက်ရှိသွားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် လွတ်မြောက်ယာဉ်ငယ်အကုန်လုံးကို ကြယ်ဓားပြများက ဖျက်ဆီးထားကြောင်းရှာတွေ့လိုက်ရသည်။

"ဟာကွာ" ဒေါက်တာ Ramiel ကယာဉ်ငယ်များလဲကျနေသည်ကို ကိုယ်တိုင်မြင်ပြီးQing Yunဆီပြန်လာကာ နှစ်သိမ့်ပေးခဲ့သည်။ "သား။ အားမလျှော့နဲ့။ ငါတို့အခြားတစ်နည်း တွေးကြမယ်။ "

ထိုကလေးက သူကဲ့သို့လူအိုကြီးကိုလမ်းတစ်လျှောက် အကောင်းဆုံး ကာကွယ်ပေးခဲ့သည်။ သို့သော် ဆန့်ကျင်ဘက်အနေဖြင့် ၎င်းက Ramiel ကိုအနည်းငယ် မသက်မသာဖြစ်စေသည်။ ဘယ်လိုပဲဖြစ်ဖြစ် Qing Yun ကသူ့ထက် အခြေအနေကောင်းမနေပေ။ သူ၏ ပိန်ပါးသော လက်မောင်းများနှင့်  ခြေထောက်များက ကျိုးနေပြီး သူပြေးလျှင် အသက်ရှူရခက်နေသေးသည်။

စက်သေနတ် ပေါက်ကွဲခဲ့သည့်အချိန်က Ramiel ကို အံ့သြစေသော်လည်း သူက Qing Yun ကိုသံသယမဝင်ပေ။ သူ့ကိုကြည့်ရတာ အရမ်းအားနည်းနေသည်လေ။

Qing Yun ကသူ့ကိုလျစ်လျူရှုထားကာ သူ့မှတ်ဉာဏ်ထဲမှ အချက်အလက်များကို သေချာရှာဖွေနေသည်။ သူက ထောင့်တစ်ထောင့်ကို ကြည့်လိုက်ပြီး ထိုနေရာဆီ မျက်မှောင်ကြုတ်၍ သွားလိုက်သည်။ အားများများစိုက်ထုတ်ပြီး လွတ်မြောက်ယာဉ်ငယ် ၂ခုကို ဖယ်ရှားလိုက်သောအခါ အနောက်ဘက်ရှိ အကောင်းတစ်ခုကို တွေ့လိုက်ရသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now