159.1 (Extra)

6.7K 1K 49
                                    

ချင်းယွင်ကုမ္ပဏီသို့ ပြန်ရောက်သွားသည်နှင့် အတွင်းရေးမှူးက အပြေးလာတင်ပြသည်။ "မစ္စတာကုရှင့်၊ မစ္စတာယန်ယိရှန်က ဆက်သွယ်လာပါတယ်။ ကုမိသားစုနဲ့ ယန်မိသားစုတို့ရဲ့ဆက်ဆံရေးကို ထိခိုက်စေမဲ့ အဓိကပြဿနာတစ်ခုရှိပါတယ်တဲ့။ မစ္စတာနဲ့ဆွေးနွေးဖို့ အားတဲ့အချိန်လေး အကြောင်းကြားပေးပါတဲ့။"

ယန်ယိရှန်က သူ့ကိုရှာနေတာလား။ ချင်းယွင် မျက်မှောင်ကြုတ်မိသည်။ ကုချင်း၏ကိစ္စဟုထင်ကာ သူပြန်ပြောလိုက်သည်။ "အင်း၊ ရတယ်၊ သူ့ကို အကြောင်းပြန်လိုက်။ ငါ မွန်းလွဲပိုင်းကျရင် အားတယ်။"

ထိုမွန်းလွဲပိုင်းတွင် ယန်ယိရှန်က မြို့တော်မှနေ ကားမောင်းလာသည်။

သူဧည့်ခန်းမထဲဝင်လာသည်နှင့် ချင်းယွင်အားတွေ့ကာ ထူးဆန်းသောအသံဖြင့် ပြောလာသည်။ "မစ္စတာကုက ကျွန်တော်တို့ ယန်မိသားစုဆီကနေ အသည်းအသန်ကာကွယ်ထားတာပဲ။"

"ခင်ဗျား ဘာကိုပြောချင်တာများလဲ၊ မစ္စတာယန်" ချင်းယွင်က မျက်ခုံးပင့်၍မေးလိုက်သည်။

ဆိုဖာပေါ်တွင်ထိုင်နေသောလူငယ်လေးအား ကြည့်ကာ ယန်ယိရှန်အံကြိတ်မိသည်။ ကုချန်းက တကယ်ကိုင်ရတွယ်ရခက်ခဲသည်ကို သူသိသည်။ သူသာ သတိလွတ်သွားပါက ပြန်ပြင်ရခက်သွားလိမ့်မည်ဖြစ်ရာ နေ့ရက်တိုင်း၌ချောချောမွေ့မွေ့နေထိုင်လာသော ယန်ယိရှန်အလွန်ရှက်မိသည်။

အထူးသဖြင့် ကုချင်းပြန်သွားပြီးနောက် ကုမိသားစုအိမ်သို့ ခဏခဏသွားနေရာ ဤကုချန်းက တကယ်ဆွဲဆောင်မှုရှိသလားဟု ယန်ယိရှန် သံသယဝင်လာသည်။

ဤဘဝတွင် ယန်ယိရှန်အခက်တွေ့သမျှကိစ္စတိုင်းမှာ ကုချန်းနှင့် သက်ဆိုင်နေသည်။ ထို့ကြောင့်ယခုတစ်ကြိမ်တွင် သူကုချန်း၏အညှာအားဆွဲမိသောအခါ ချက်ချင်းပြေးလာခဲ့သည်။

"အကယ်လို့ မစ္စတာကုက ကုချင်းအကြောင်းပြောနေတာဆိုရင် အခုကုချင်းက ကုမိသားစုရဲ့မွေးစားသမီးပဲဆိုတာ ကျွန်တော်ရှင်းရှင်းလင်းလင်းပြောချင်တယ်။ သူမက ကျွန်တော်နဲ့ ဘာမှမသက်ဆိုင်တော့ပါဘူး။ ကျွန်တော်တို့နှစ်ယောက်ကြားက စေ့စပ်မှုကို အဆုံးသတ်လိုက်ပြီ။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now