139

6.4K 1.3K 58
                                    

သေနေသင့်ပြီး မည်သည့်နေရာတွင်မှ ပေါ်မလာရမည့် လူငယ်တစ်ယောက်ကို မြင်ရုံဖြင့် သခင်မဂလဒ်က မည်သို့အထိတ်တလန့်မဖြစ်ဘဲ နေမည်နည်း။ အထူးသဖြင့် ထိုလူငယ်ကို သူမ၏လက်ဖြင့် သတ်ဖြတ်ထားခြင်းပင်။

"အီ၊ အီလော့စ်၊ တကယ် မင်းလား။" သခင်မဂလဒ်က မတ်တပ်ရပ်လိုက်သည်။ သူမက မွေးစားသားထံ တိုးသွားရမည့်အစား ခြေလှမ်းအနည်းငယ်နောက်ဆုတ်နေကာ သူမအနောက်မှ ပန်းအိုးနှင့်ထိမှသာ ရပ်သွားသည်။

"မဒမ်က ကျွန်တော် ပြန်လာဖို့ မျှော်လင့်နေတာမဟုတ်ဘူးလား။" ချင်းယွင်က လှောင်ပြောင်သရောင်သော လေသံဖြင့် မေးလိုက်သည်။

သခင်မဂလဒ်၏ မျက်နှာက အမျိုးမျိုးပြောင်းလဲသွားပြီးမှ အခက်တွေ့နေသောအပြုံးတစ်ခုကို ပြုံးနိုင်တော့သည်။ သူမက အနည်းငယ် တည်ငြိမ်သွားကာ တိကျပုံဖြင့် မေးလိုက်သည်။ " မင်းက တကယ်အီလော့စ်လား။ မင်းနဲ့ အတူတူခရီးထွက်သွားတဲ့လူတွေက မင်းအာကာသမုန်တိုင်းမိသွားတယ်လို့ ပြောကြတယ်။ ရဲတွေကလည်း မင်းသေဆုံးသွားတာကို အတည်ပြုပြီးပြီ။"

အီလော့စ်က အသက်ရှင်နေသေးသည်ဟု သူမလုံးဝမယုံပေ။ ထိုအချိန်တွင် လူငယ်လေးက သူမပြင်ဆင်ထားသော အဆိပ်ကို သောက်ကာ ကြမ်းပြင်ပေါ်တွင် မချိမဆံ့ဝေဒနာဖြင့် ကွေးနေရသည်ကို သူမကိုယ်တိုင်မြင်ခဲ့သည်။

ထို့အပြင် မတော်တဆသာမရှိခဲ့လျှင် အီလော့စ်က အမှိုကက်ဂြိုလ်ပေါ်သို့ စွန့်ပစ်ခံရပြီးဖြစ်သည်မှာ ကြာလေပြီ။

ဤသည်ကို တွေးရင့း သခင်မဂလဒ်က သူမနှင့်အတော်ကြာ အဆက်အသွယ်ပြတ်နေသော ဌာနအကြီးအကဲကို တွေးမိပြီး အံကြိတ်မိသည်။

ထိုအဆင့်တွင် ပြဿနာတက်သွားသည်လား။

"မဒမ်၊ ကျွန်တော် ခရီးထွက်နေတုန်းမှာ အာကာသမုန်တိုင်းနဲ့တွေ့သွားတယ်လို့ မဒမ်ပြောတယ်နော်။ အဲ့ဒါကိုကျွန်တော်မမှတ်မိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ပြန်လာတာအတွက် မဒမ်ပျော်ပေးသင့်တယ်။" ချင်းယွင်က သခင်မဂလဒ်ကို ကြည့်နေသည်။ အီလော့စ်က မည်သို့သေသွားကြောင်းကို သူအတိအကျမသိသော်လည်း ၎င်းမှာ သူ့မိထွေးနှင့် သက်ဆိုင်နေသည်ဟု ခန့်မှန်းမိထားသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now