part(2)

2.3K 242 23
                                    

Unicode

"အမေရေ....ပုံပြင်ပြောပြ"

"ဟွန်း.... မကြီးမငယ်နဲ့.... ဘာပုံတုန်းတော့"

"အမေကလဲ သားက.... ကလေးပဲရှိသေးတာ... ပြောပြပါ... အမေ ပုံပြင်ပြောတာကိုလေ...သား လွမ်းနေတာ"

ဒီနေ့ညနေပဲ မြို့ကနေ ဦးမိုးမောင်နဲ့ မိုးသစ်တောတို့သားအဖ ပြန်ရောက်လာကြတယ်။
မြို့နဲ့ရွာက နေ့တစ်ဝက်ခရီးရှိတယ်။
ဦးမိုးမောင်မှ ဂျစ်ကားတစ်စီးရှိတာကြောင့် သွားရေးလာရေး သိပ်တော့မခက်ဘူး။
ကားလမ်းလဲ မယ်မယ်ရရမဖောက်ထားတဲ့အပြင် ရွာနဲ့မြို့ကို နေ့တိုင်းကူးလူးဆက်သွယ်ရတဲ့အလုပ်မရှိကြဘူး။ ဒါကြောင့် ရွာကနေ မြို့ကိုတက်ရင် အလုပ်အားလုံးစုပြီး သွားကြတာများတယ်။
ရွာထဲမှာ မြို့ကိုသွားဖို့ ဒေါ့ဂျစ်ကားတစ်စီးရှိတယ်။

လယ်ထဲကိုင်းထဲအတွက် လိုအပ်တာဝယ်ဖို့လဲ ဒီကားနဲ့စုပေါင်းသွားကြတယ်။
အလှူအတန်းရှိလို့ ဝယ်ကြခြမ်းကြ ကိစ္စအတွက်လဲ ဒီကားနဲ့ပဲ စုပေါင်းသွားကြတယ်။
များသောအားဖြင့်ကတော့ ဦးမိုးမောင်မြို့တက်ရင် မှာစရာရှိတာမှာကြတာပဲ များပါတယ်။

အရင်က ဦးမိုးမောင်က တစ်လနှစ်ခါသုံးခါမြို့ကိုတက်ရတယ်။ သစ်တောရုံးစိုက်တာက မြို့ပေါ်မှာကိုး။
ဒါကြောင့် ရှာဆေးပေးခန်းအတွက် လိုအပ်တဲ့ဆေးဝါးကအစ ဦးမိုးမောင်ပဲ သယ်ပေး ဝယ်ပေးရတယ်။
တစ်ခါတစ်ရံတော့ ဆေးပေးခန်းကဆရာလေးကိုယ်တိုင် မြို့ကိုလိုက်တယ်။ တစ်ခါတစ်ရံ ကျောင်းဆရာလေးလဲ လိုက်တတ်တယ်။
များသောအားဖြင့်ကတော့ ဦးမိုးမောင်ပဲ မြို့နဲ့ရွာကို လွန်းပျံလေးလို သွားရတာပါပဲ။

ရွာနဲ့မြို့ကိုဆက်သွယ်ထားတဲ့ လမ်းက ကျောက်သားလမ်းတစ်လမ်းပဲ ရှိတယ်။
သစ်ခုတ်ပြီးသယ်ဖို့ လမ်းလုပ်ထားတာပါ။
ကြမ်းတယ်.... မိုးဆိုဗွက်မထရအောင် ဂဝံကျောက်ခင်းထားတာမို့ နွေဆို ဖုန်တထောင်းထောင်းနဲ့ ဇကောထဲဇီးဖြူသီးထည့်လှိမ့်သလိုကို ဖြစ်နေတတ်တာ။
ဒါကြောင့် ဒီလမ်းကို သစ်သယ်ကားအပြင် အကြမ်းခံတဲ့ ဂျစ်ကားနဲ့ ဒေါ့ဂျစ်ကားပဲ မောင်းလို့ရတယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now