Unicode
ထိုနေ့မှစ၍ သုံးရက်မြောက်သောနေ့....
ထုံးစံအတိုင်း ဦးမိုးမောင်အလုပ်များလှသည်ကြောင့် ကြိုးဝိုင်းရှိရာသို့ မနက်စောစောကပင်ထွက်သွားလေပြီ။
ထူးထူးဆန်းဆန်း ဒီနေ့မှာတော့ မကိုင်တာကြာပြီဖြစ်တဲ့ ဒူးလေးကိုအဖေကသယ်ဆောင်သွားသည်။ အဖေ့တွင် သေနတ်ရောရှိနေသည်။ အဖေက တောထဲသွားတဲ့အခါ သေနတ်ကိုလဲ ယူဆောင်မသွားတာကြာပြီ။ အခု ဒူးလေးရော သေနတ်ပါ အဖေကတောထဲကိုယူသွားတာပါ။အဖေတောထဲကိုသွားတဲ့အချိန်မှာ မိုးသစ်တောကအိပ်ကောင်းဆဲပဲရှိသေးတာမို့ အဖေ့ကိုမတွေ့လိုက်ရပါ။
မိုးသစ်တောအိပ်ယာကနိုးချိန်မှာတော့ ဟေဝန်က အိမ်ရှေ့ကွပ်ပျစ်တွင်ထိုင်ကာ ကလေးတစ်ယောက်နှင့်ရှိနေသည်။
ဘယ်က ကလေးပါလိမ့်.....မိုးသစ်တောက အိပ်နောက်ဖေးကိုပြေးကာ မျက်နှာမသစ်နိုင်သေးဘဲ ဟေဝန့်ဆီကို အရင်ပြေးရသည်။
ဟေဝန်ချီထားတဲ့ကလေးကရွာထဲက ကလေးငယ်တစ်ယောက်ပါ။ ကလေးက လေးနှစ်ပြည့်တော့မယ်.... စကားလုံးဝမပြောသေးဘူး။ ဗေဒင်မေး နတ်မေးကြည့်တော့လဲ အ နေတာမဟုတ်ဘူးလို့ပြောသတဲ့။ ရွာမှာတော့ ကိုးကွယ်ယုံကြည်တာ ဗုဒ္ဓဘါသာပါပဲ။ သို့ပေသိ ဗုဒ္ဓဟောသောတရားရဲ့ဘောင်ကို ကျော်လွန်တာတွေကိုလဲ ရိုးရာလိုလို ယုံကြည်မှုလိုလိုနဲ့ မပစ်ပယ်နိုင်ကြပါ။
ကံ ကံ၏အကျိုးကို ယုံကြည်ပါသည်ဟုတဖွဖွပြောပြီး ကံကိုမိမိလုပ်ရပ်နှင့်ကောင်းအောင်မပြုပြင်ဘဲ အခြားသောအရာများနှင့် ကံပြင်ချင်ကြတဲ့ လူတွေဖြစ်သည်။
ရှေးရိုးစွဲများသော မိမိတို့ရွာသူရွာသားများအကြောင်းကို မိုးသစ်တော သိသည်။အခု ဒီကလေးက သူတော်စင်ကြီးရဲ့ကျောက်ခွက်ကရေကို သောက်ပြီးမှ အမေလို့ စပြီးပြောတယ်တဲ့လေ။ ဒါနဲ့ပဲ ဟေဝန့်ခမျာ ဒီကလေးကိုစကားပြောတတ်ဖို့ပဲ လုပ်ပေးနို်သလိုလို ဘာလိုလိုဖြစ်ပြီး ကလေးက မနက်ဆိုရင်သူ့ဖွားအေကြီးနှင့် မိုးသစ်တောတို့အိမ်ကိုရောက်လာတတ်သည်။
မစံပယ်က သဘောကောင်း မနောဖြူသူဆိုတော့ မနက်စာကိုပင်ကျွေးကာ ဒီကလေးကိုကူညီနေသည်ပေါ့။ ဟေဝန်ကိုယ်တိုင်လဲ ကလေးချစ်တတ်ပုံပေါ်သည်။

YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...