Unicode
မြန်မာပြည်သူတွေက ကမ္ဘာကြီးနှင့်ဆက်သွယ်၍ရနေဆဲဖြစ်သည်။ နိုင်ငံရပ်ခြါးမှာရောက်ရှိနေထိုင်ကြသော ဆွေမျိုးများက ပြည်တွင်းမှာနေထိုင်ကာကျန်ရှိခဲ့သည့် မိဘဆွေမျိုးမိတ်ဆွေတွေကို ပူပန်စိုးရိမ်မှုရှိနေကြတယ်။ Internet ကအသုံးပြုလို့ရနေဆဲဖြစ်ပြီး မြန်မာပြည်သူတွေဟာ ချက်ချင်းပဲကမ္ဘာကြီးကိုတိုင်တည်ကြတော့တယ်။
မြန်မာ online သုံးစွဲသူတွေကြားမှာ လက်ရှိအစိုးရသည် လုံးဝမဲမခိုးကြောင်းကို သက်သေများနှင့်တကွ မိမိကိုယ်ပိုင် account များတွင်ရေးပြီးတင်ကြတော့သည်။ထို့အပြင်မျှော်လင့်ချက်တစ်ခုက မြန်မာပြည်သူတွေရဲ့ ရင်ထဲကို တိတ်ဆိတ်သော်လည်းအရှိန်အဟုန်ပြင်းစွာနှင့် ဝင်ရောက်ခဲ့သေးသည်။ ထိုအကြောင်းအရာမှာ ကမ္ဘာကြီးသည် မြန်မာစစ်ခေါင်းဆောင်များ၏ ဆိုးသွမ်းသောအာဏာရှင်စနစ်အား တကျော့ပြန်သုံးခြင်းကို လက်ပိုက်ကြည့်မနေဘူးဟူသောအကြောင်းဖြစ်သည်။
ရှင်းရှင်းပြောရလျှင် ကမ္ဘာ့အကူအညီကို ရနိုင်ကောင်းသည်ဟု မြန်မာပြည်သူများက မျှော်လင့်ချက်ထားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် .... ထိုမျှော်လင့်ချက်ကြောင့်... မြန်မာပြည်သူများသည် အခြေအနေဆိုးထဲမှအကောင်းလေးတစ်ခုကိုကြိတ်ကာမျှော်လင့်နေမိကြသည်။Online ပေါ်မှတိုက်ပွဲများသည် သုံးရက်တိုင်တိုင်ပြင်းထန်သောအရှိန်ဖြင့် တိုက်ခိုက်နေကြသည်။ ပြည်သူများကတစ်ဖက် စစ်အစိုးရလက်ပါးစေများကတစ်ဖက်ပေါ့။ သတင်းမှားများဆက်တိုက်ဖြစ်လာပြီး သတင်းအမှန်နှင့်အမှားကို ဝေခွဲရခက်လာကြတဲ့အထိဖြစ်လာခဲ့သည်။
သုံးရက်မြောက်နေ့မှာ မန္တလေးမှဆရာဝန်လူငယ်ငါးယောက် ဆန္ဒထွက်ပြတယ်။ နွေဦးတော်လှန်ရေးမှာ ပထမဆုံးလှုပ်ရှားလာသော လူထုလှုပ်ရှားမှုရဲ့အစပေါ့။
သူတို့က ဘယ်တိုင်းပြည်ကမှ မြန်မာပြည်ကိုကယ်တင်ပေးမှာမဟုတ်ကြောင်းနဲ့ 72နာရီပြည့်အောင်စောင့်လဲ ဘာမှမထူးခြါးလာနိုင်ဘူးလို့ ပြောတယ်။ အဲ့သည်နေ့က ထိုဆရာဝန်များကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်။
အာဏာရှင်အစိုးရက သူတို့ကိုခဏပဲဖမ်းဆီးထိန်းသိမ်းပြီး ပြန်လွှတ်ပေးလိုက်ခြင်းနဲ့ ပြည်သူတွေကိုဝေဝါးစေခဲ့တယ်။
BINABASA MO ANG
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...