Unicode
အမေ နေမကောင်းဘူး။
အမေက တစ်ယောက်ထဲ အထီးကျန်စွာနေထိုင်နေရတယ်။ အမေ့ကို ပြုစုပေးဖို့ရာ အမေ့သားချင်းတွေကမှအစ ရှောင်ဖယ်ကြတယ်။
သူတို့အားလုံး.... အမေ့ရွာကလူတွေ အားလုံးဟာ အမေ ဒီအတိုင်းသေဆုံးသွားဖို့ ဆန္ဒရှိနေကြတယ်။
အမြန်ဆုံးလဲ အမေ့ကို သေစေချင်နေကြပါတယ်။ဒီတောကြီးကို ဘယ်လိုခါ်တွင်သလဲ ကျုပ်မသိဘူး။
ဒါပေမဲ့ ဒီတောဟာ ကျုပ်ရဲ့အိမ်....
ဒီတောကရှိရှိသမျှ သတ္တဝါတွေဟာ ကျုပ်မိသားစု။
ဖခင်ဟာ မကြာသေးမီကပဲ သေဆုံးခဲ့တယ်။
ဖခင်ပေးအပ်ခဲ့တဲ့ တာဝန်တွေကို နားလည်စွာထမ်းဆောင်ရင်း ကျုပ် တောမှာပျော်ပျော်ကြီး နေပါတယ်။
ကျုပ်ဖခင်ဟာ အမေ့ကို တမ်းတရင်းသေဆုံးသွားရတယ်ဆိုတာ ကျုပ်နားလည်တယ်။
အမေဟာ လူသားအမျိုးသမီးတစ်ယောက်...
ဖခင်ဟာ ဒီတောရဲ့ ဘုရင် ခြင်္သေ့မင်းပါပဲ။ကျုပ်ဟာ လူနဲ့ခြင်္သေ့ပေါင်းစပ်မွေးဖွားလာသူတစ်ဦးပါ။
ဖခင်ရဲ့အမေ့အပေါ်ထားတဲ့ မေတ္တာထုထည် ကြီးမားလွန်းတာကြောင့် ကျုပ်က မိခင်နဲ့အလွန်အမင်းပုံစံတူပါတယ်။ ဖခင်လိုမျိုး လည်ဆံမွေးဖွားတွေ ကျုပ်မှာမရှိဘူး။ အရွယ်ရောက်လာတဲ့အခါမှာတော့ ကျုပ်ရဲ့လက်တွေမှာ အမွှေးတွေပေါက်လာခဲ့တယ်။ဖခင်ရဲ့လည်ဆံမွှေးလိုအရောင်အဆင်းရှိတယ်။
ပါးပြင်ပေါ်က ရွှေရောင်အမွှေးနုတွေက မွေးကတည်းက ပါလာခဲ့တယ်တဲ့။
ကျုပ်က ဖခင်လိုခွန်အားလဲအမှန်တကယ်ကြီးပါတယ်။ဖခင်နဲ့အမေဟာ ဘယ်လိုဆုံစည်းခဲ့ကြလေတယ်လို့ ကျုပ်မသိဘူး။
ဖခင်ကလဲ မပြောပြခဲ့ဘူး။
ကျုပ်ကိုအနီးကပ်စောင့်ရှောက်ခဲ့တဲ့ ဝံကလဲ ပြောမပြခဲ့ပါဘူး။
ကျုပ်ကိုယ်တိုင်လဲ မသိချင်ခဲ့ဘူး။
ဝမ်းနည်းရမယ်ဆိုတာ ကျုပ် သိနေလို့ပေါ့။အမေဟာ သူနေထိုင်ရာရွာကို ကျုပ်ကို ကိုယ်ဝန်ဆောင်ထားရင်းနဲ့ ပြန်သွားခဲ့တယ်ဆိုတာတော့ ကျုပ်ကိုပြောပြကြတယ်။
ဖခင်ဟာ စိတ်မချခြင်းကြီးစွာနဲ့ တောစပ်ထိ လိုက်ပါနေရတယ်တဲ့။အမေ့ရဲ့ဆွေမျိုးမိဘတွေဟာ အမေ့ကို ဖခင်နဲ့ပတ်သက်ကြောင်းသိတာနဲ့တပြိုင်နက် မသေရုံအသက်ရိုက်နှက်ကြတယ်။ တကယ်တော့ ကျုပ် မမွေးဖွားခင်ကတည်းက အမေ့ကိုသူတို့ သေအောင်သတ်ခဲ့ကြတာပါ။ အမေ မသေခဲ့တဲ့အကြောင်းက အမေ့ရဲ့ဖခင်ဟာ ရွာရဲ့အကြီးအကဲဖြစ်နေပြီး အားလုံးကို တောင်းပန်ပြီး ကျုပ်ကိုမွေးဖွားခွင့် တောင်းခဲ့တယ်လို့ အမေက ပြောပြပါတယ်။
ဒါပေမဲ့ ရွာသားတွေဟာ ကျုပ်အဖိုးစကားကိုမလွန်ဆန်နိုင်ခဲ့ပေမဲ့ ကျုပ်နဲ့ဖခင်ကိုသတ်ပစ်ဖို့တော့ ဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။

VOCÊ ESTÁ LENDO
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
Ficção Geralလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...