Unicode
"ဟေ....ဝန်...."
"မို....."
မိုးသစ်တောရဲ့ခေါ်သံကို ကြားမှ ဟေဝန်ကလွှတ်ပေးတယ်။ ဟေဝန် မျက်လုံးတွေက တောင်းပန်နေတာရော စိတ်ရှုပ်ထွေးနေတာရော စိုးရိမ်စိတ်တွေရော ပါဝင်ပြီး သနားစဖွယ်ဖြစ်နေတယ်။
မိုးသစ်တော ဟေဝန့်ကို အရမ်းသနားတယ်။
ဟေဝန် ဘာဖြစ်ချင်သလဲ မေးပြီး အရာအားလုံးလိုက်လျောလိုက်ချင်တယ်။
ဟေဝန်ရဲ့ စိုးထိတ်နေခြင်းကနေ ဆွဲထုတ်ပေးချင်တယ်။
ဟေဝန့်မျက်နှာကို တမေ့တမောကြည့်ရင်း ရင်ထဲကလှိုက်ဖို လာတယ်။
ဟေဝန့်ကို ပြောပြချင်လာတယ်။
ဟေဝန်နဲ့ထပ်တူ ခံစားနေရတယ်ဆိုတဲ့အကြောင်း အခုချက်ချင်းပဲ ပြောပြချင်လာတယ်။ဒါပေမဲ့လဲ တကယ်တမ်း ပြောလို့မထွက်လာဘူး။
ရှက်နေတာကြောင့်ရော... ပြောလိုက်ရင် ဝေန် နားမလည်မှာစိုးတာကြောင့်ရောပေါ့။
ဟေဝန်နဲ့ စိတ်ချင်းနားလည်နေကြတာ မှန်ပေမဲ့ အချိန်တိုလေးအတွင်းမှာ ဖြစ်ပျက်တာကစောနေသေးတယ်။
ပြီးရင် အမေနဲ့အဖေ.....ကြောင့်....မိုးသစ်တောက ရွာမှာကျန်နေခဲ့တဲ့ အမေနဲ့အဖေ့ကို သတိရမိတယ်။
စိတ်ပူနေရှာတော့မှာလေ...
ပြန်ရမယ်.... ဟေဝန့်ကိုခေါ်ပြီး ရွာကိုပြန်ရမယ်။
ဟေဝန့်အမေနဲ့ ပတ်သက်တာတွေ မြန်မြန်ဖြေရှင်းကူညီပြီးရင် ရွာကိုပြန်ရမယ်။
ဟေဝန်ကိုခေါ်ပြီး ပြန်မယ်။
ပြီးတော့ ကျောင်းကတက်လက်စကြီး.... ကျောင်းပြန်တက်ဖို့ မှီအောင်တော့ ရွာကိုပြန်ရလိမ့်မယ်။
အဲ့ဒီအချိန်ရောက်မှ.... ရွာမှာ ဟေဝန် အခြေတကျနေထိုင်နိုင်သည်အထိ ပြုပြင်ပေးပြီးမှ စီမံပေးပြီးမှ ဟေဝန့်ကို မိုးသစ်ေတာရဲ့ ရင်ထဲက စကားပြောပြချင်တယ်။အခုချက်ချင်း မပြောနိုင်သေးတဲ့ စကားတွေကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ရင်ထဲမှာသိမ်းထားမိတယ်။
ဟေဝန်ကတော့ မိုးသစ်တောရဲ့ မျက်နှာကို မျက်တောင်မခတ် ငုံ့ကြည့်နေတယ်။
တစ်ခုခု ပြောချင်လာသလို နှုတ်ခမ်းတွေကလှုပ်ရှားလာတယ်။ ပြီးတော့လဲ မပြောနိုင်ဘူး.... သက်ပြင်းကြီးသာ ချနေတော့တာ။
ဟေဝန့်ရဲ့ စွဲမက်ဖွယ်ကောင်းလွန်းတဲ့ ထိန်းချုပ်မှုတွေကို မြင်ရတယ်။
ယောကျားကောင်းတစ်ယောက်ရဲ့ သွင်ပြင်အပြည့်နဲ့ မိုးသစ်တောကို စိုက်ပြီးကြည့်နေတယ်။
YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...