part(54)

1.4K 104 6
                                    

Unicode

နှစ်ထောင့်နှစ်ဆယ့်တစ် ဇန်နဝါရီလ သုံးဆယ့်တစ်ရက်နေ့....

ထိုင်းနိုင်ငံ မဲဆောက်မြို့လေးမှာ သူ ရှိ​နေတယ်။
ဘန်​ကောက်ကိုရောက်နေတာ ကြာပါပြီ။
အခုက ငယ်ငယ်ကတူတူသွား တူတူစားသူငယ်ချင်းတစ်ယောက်က မဲဆောက်မှာ ဒီနေ့မင်္ဂလာပွဲကျင်းပတာမို့ သူက မဲဆောက်ကိုဆင်းလာရတယ်။

သူ့နာမည်က ဧလိယ....

ထိုင်းမြန်မာနယ်စပ်မြို့လေးမှာ သူငယ်ချင်းက NGO တစ်ခုရဲ့တာဝန်ရှိသူအနေနဲ့ နေထိုင်တာကြပြီ။
ထိုင်းကိုရောက်ရှိနေကြတဲ့ မြန်မာတွေကို အထူးသဖြင့်ကူညီနေတဲ့သူတို့အဖွဲ့အစည်းက ထိုင်းနယ်စပ်မှာ နာမည်ကျော်ပါတယ်။

ဧလိယရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်တာကြောင့် ဒီမင်္ဂလာပွဲကိုတက်ရောက်ပေးရတာဖြစ်တယ်။ သူငယ်ချင်းနှစ်ယောက် ဒီဘဝ ဒီအခြေအနေမရောက်ခင် သေနတ်သံတွေ ဗုံးဆံတွေ မိုင်းတွေကြားပြေးလွှားနေရတဲ့ဘဝကတည်းက အသက်မသေဘဲရှင်သန်ခဲ့ကြရင် တစ်ယောက်မင်္ဂလာပွဲကို တစ်ယောက်မပျက်မကွက်တက်ရောက်ကြဖို့ ကတိစကားရှိခဲ့ကြတယ်။
အဲ့သည်တုန်းက သူတို့အသက်က ငါးနှစ်ကျော် ခြောက်နှစ်သားပဲ ရှိကြလိမ့်အုံးမယ်။

ဧလိယက ယောဟန်ရဲ့မင်္ဂလာပွဲကို အမေရိကန်နိုင်ငံကနေ တက်ရောက်လာရတာပါ။
ယောဟန်က မယ်လစခန်းနဲ့ မဝေးတဲ့နေရာမှာ အလုပ်လုပ်ကိုင်နေတာဆိုပေမဲ့ ဧလိယက အမေရိကန်ပြည်ထောင်စုရဲ့စစ်တပ်မှာတာဝန်ထမ်းဆောင်နေရတဲ့သူပါ။ ငယ်ငယ်ကထားခဲ့ကြတဲ့ ကတိစကားကိုတည်ချင်တာကြောင့် ခရီးဝေးကိုလာခဲ့တာ။

မဲဆောက်.....
မြန်မာနိုင်ငံ မြဝတီဘက်ကနေ တံတားကိုဖြတ် သောင်ရင်းမြစ်ကိုဖြတ်ပြီးရောက်ရတဲ့ ထိုင်း မြန်မာ နယ်စပ်မြို့လေး။ မြန်မာပြည်နဲ့တံတားတစ်စင်းပဲခြါးတဲ့ မဲဆောက်က ဒီမိုကရေစီရဲ့အနှစ်သာရကိုခံစားနေရတဲ့ တိုင်းပြည်ရဲ့ နယ်စပ်မြို့ပီပီသသ ဖြစ်နေတယ်။
သွားလာလှုပ်ရှားလူတွေက များသောအားဖြင့် မြန်မာပြည်ဘက်ကလူတွေပါပဲ။
သူတို့က နေ့စဥ် မြဝတီဂိတ်ကိုကျော်ဖြတ်ပြီး မဲဆောက်မှာ အလုပ်လာလုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေ။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now