part(8)

1.7K 204 20
                                    

Unicode

နာရီဝက်သာသာလောက် လမ်းလျှောက်လာကြတယ်။
နေရောင်ကိုရှင်းရှင်း ​မမြင်ရသည်အထိ တောကပိန်းပိတ်နေတယ်။ သစ်ပင်တွေကြားကနေ တစ်ချက်တစ်ချက်မှ တွေ့ရတယ်။
လေက တိုက်ခတ်တယ်ဆိုရုံ ငြိမ့်ငြိမ့်လေး...
လမ်းရယ်လို့တိတိကျကျ မရှိပေမဲ့ ကျော်ထက်ကတော့ လမ်းတွေကိုသိတယ်။ သစ်ပင်တွေမှာ အမှတ်အသားထားခဲ့တဲ့အကျင့်က တောထဲဝင်တဲ့သူတိုင်းရဲ့ လုပ်နေကျအကျင့်။

တစ်ချို့နေရာတွေမှာဆို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးတဲ့ ပန်းတွေ တွေ့ရတယ်။
တောပန်းအရိုင်းလေးတွေပေမဲ့ တော်တော်လေးလှတယ်။
ငယ်ငယ်ကကျော်ထက်ပြောခဲ့သလမု တောကနက်လေ လှလေပါပဲ။
တစ်မေ့မေ့တစ်မော့မော့နဲ့လျှောက်လာမိတယ်။
မိုးသစ်တောအတွက်ကတော့ အရာအားလုံးကြည့်လို့လှနေတော့တာ။

သစ်ပင်ကြီးတွေရဲ့ ပင်စည်မှာ ကပ်ပြီးပေါက်နေတဲ့သစ်ခွတွေကိုလဲ တွေ့ရတယ်။
ရှားပါးသစ်ခွမဟုတ်တာကြောင့် မိုးသစ်တော စိတ်မဝင်စားသေးဘူး။
ကျော်ထက်ကတော့ သစ်ခွတွေ တွေ့တာနဲ့ မိုးသစ်တောကို လက်ညှိုးထိုးပြတယ်။
မိုးသစ်တောက ရှားပါးသစ်ခွရှာချင်တယ်လို့ ​ပြောပြီးခေါ်လာခဲ့တာကိုး။

ကျွန်းပင်တွေ ပါးလာတယ်။
ကျွန်းက ကြိုးဝိုင်းထဲမှာ ပိုပြီးများများရှိတယ်။
လူရိပ်လူ​ယောင်ကြောင့် ငှက်တွေက အသံပေးတယ်။

တဖြည်းဖြည်းနဲ့တောက နက်သည်ထက်နက်လာတယ်။
တစ်နေရာ အရောက်မှာ မီးခိုးငွေ့တလူလူထွက်နေတာကို လှမ်းမြင်တယ်။
မီးခိုးငွေ့ကို ကြည့်ရတာတော့ နည်းနည်းလှမ်းတဲ့နေရာ ဖြစ်မည်ထင်ရသည်။
လူသံသူသံမကြားရဘဲ မီးခိုးငွေ့ကိုပဲ မြင်ရတယ်။

"မိုးသစ်တောရေ.... ရှေ့မှာ မီးသွေးဖုတ်တဲ့လူတွေကွ.... လာ.. တို့ကို မမြင်ခင် ရှောင်ရအောင်"

"ဘာဖြစ်လို့လဲ.... မြင်သွားတော့ ဘာဖြစ်မှာလဲကွ"

"မမြင်တာပိုကောင်းပါတယ်ကွာ.... ဒီလောက်နက်တဲ့တောထဲမှာဆိုရင် လိုင်စင်ရတဲ့သူတွေ မဖြစ်နိုင်ဘူး.... ခိုးပြီး လုပ်တာဖြစ်ဖို့များတယ်.... နောက်ရက်မှ ငါ မင်းအဖေကိုပြောပြပြီး လာရမယ်....တို့နှစ်ယောက်ထဲဆိုရင် မတွေ့တာ ပိုကောင်းတယ်.... လူအင်အားသုံးပြီး လာဖမ်းမှ ဒီကောင်တွေက ကြောက်တာ"

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now