part(24)

1.5K 180 23
                                    


ဂူလေးထဲကို ပြန်ရောက်တော့ နေမြင့်ပြီ။

ဟေဝန်က မိုးသစ်တောကို ဂရုတစိုက်ညင်ညင်သာသာရှိတုန်းပဲဆိုပေမဲ့ မျက်နှာကိုရှောင်ဖယ်ဖယ်လုပ်နေတယ်။ အမြဲတမ်း မိုးသစ်တောကို တည့်တည့်စိုက်ကြည့်နေကျ မျက်ဝန်းအိုင်ငယ်လေးက အခုတော့ ရိပ်ကနဲတစ်ချက်ကြည့်ပြီး လွှဲသွားတော့တာပဲ။

ဘာများလုပ်မိလို့လဲ.... ရေချိုးနေတဲ့ကိုယ့်ဘက် လှည့်ကြည့်ခိုင်းမိတာလေးပဲရှိတာလေ။
သူကများ.... ဖြစ်နေရတယ်ရှိသေး.....
မိုးသစ်တောလဲ ဟေဝန့်ရဲ့ အဲ့ဒီလို့ပုံစံကို အူယားတယ်.... အဲ့လိုပုံစံလုပ်နေတာကိုလဲ မခံချင်ဘူး။
ဒါပေမဲ့ အမှန်အတိုင်းပြောရရင်လဲ ဟေဝန့်ကို ဒီထက်ပိုပြီး ဘာမှ အနေခက်အောင်လဲ ထပ်ပြီးမလုပ်ရဲဘူး။
ခုဏအပြန်လမ်းတစ်လျှောက် ဟေဝန့်ခြေလှမ်းတွေက မြန်နေပြီး ဟေဝန်က လိုတာထက်ပိုပြီး ပင်ပန်းနေတဲ့ပုံပေါက်တယ်။ ပြီးတော့ ဟေဝန် အသက်ရှုသံတွေ ပြင်း​နေတယ်လို့သတိထားမိတယ်။
တည်ပြီး အပြုံးအရယ်မရှိပေမဲ့ အမြဲနွေးထွေးတဲ့မျက်ဝန်းရိပ်တွေ ရှိတဲ့သူ။
အခုက တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းအစုံလိုပဲ မာကျောကျောဖြစ်နေတဲ့ မျက်ဝန်းရိပ်...

မိုးသစ်တောက ကျောက်သားမြင့်လေးပေါ်မှာ ထိုင်နေတယ်။ ဟေဝန်က ဂူပေါက်ဝနားမှာ မတ်မတ်ရပ်ပြီး ဂူပြင်ကို ငေးနေတယ်။

ကြာပြီ..... ဟေဝန် အဲ့သည်ပုံစံအတိုင်းနဲ့ ရပ်နေတာ ကြာနေပြီ။

"ဟေဝန်....."

"မို....."

"ဘာလုပ်နေတာလဲ..... ကိစ္စတစ်ခုခုရှိလို့လား"

ခေါင်းကိုညိမ့်ပြတယ်။

"လာလေ.... ဒီကို.... ပြောပြလေ.... ဘာဖြစ်တာလဲ"

ခပ်ဆွေးဆွေးတစ်ချက်ကြည့်တယ်။
ပြီးမှ မိုးသစ်တော အနားကို ရောက်လာပြီး ထိုင်တယ်။

ဟေဝန်မျက်နှာကို စေ့စေ့စပ်စပ်ကြည့်နေရင်း ဟေဝန့်စကားတွေကိုနားလည်ဖို့ ကြိုးစားမိတယ်။

"မို...."

"ဟင်...."

"အ.... အ....မေ"

"ဟေဝန့်.... အမေလား...."

ခေါင်းညိမ့်တယ်။

"အင်းလေ..... ကျွန်တော်လဲ သက်သာပြီပဲ.... သွားလို့ ရပါတယ်"

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now