Unicode
"မိုးသစ်ရေ..... ဆင်စခန်းကိုသွားမို့.... မင်း လိုက်မလား"
မနက်စောစော မြူတွေဆိုင်းနေတယ်။
ဆင်စခန်းက တောထဲမှာ ရှိတယ်။
အဖေ့ရဲ့ လက်အောက်ခံဝန်ထမ်းတွေ အဲ့စခန်းမှာရှိတယ်။ ဆင်ဦးစီးတွေက ဒီရွာသားတွေပဲ ဖြစ်ကြတယ်။
တောထဲမှာ လိုက်မနေနိုင်သူ မိသားစုတွေက ဆင်စခန်းကို ရိက္ခာပို့ရတယ်။
တစ်ခါတစ်ရံ ဆင်စခန်းကလူတွေ ရွာကိုပြန်လာကြတယ်။ အဲ့လိုအချိန်ဆို ဆင်တွေပါလာတတ်တယ်။
ရွာလမ်းတစ်လျှောက် ဆင်စီးခွင့်ရကြတယ်။တောထဲမှာ ခုတ်တဲ့သစ်တွေကို ကျောက်ချောလမ်းရှိရာ မိုးသစ်တောတို့ ရွာနားအထိ ဆွဲလာပေးရတယ်။
တောထဲကနက်လေ သွားရခက်လေပါပဲ။
ဒါကြောင့် သစ်တောဌာနဟာ ဆင်တွေကိုအားကိုးနေရဆဲပါပဲ။"အမေ..... ကျော်ထက်တို့လာခေါ်နေတယ်.... သား ဆင်စခန်းကို လိုက်သွားရမလား"
"သား အဖေကို မေးလေ.... "
"အဖေရေ....."
မစံပယ်က မိုးသစ်တောကို တောထဲသွားတဲ့ကိစ္စတွေဆိုရင် ဝင်မပြောဘူး။
မိုးသစ်တောက အဖေ့ဆီပြေးပြီး မေးလေပြီ။ဦးမိုးမောင်က သေနတ်ကို တိုက်ချွတ်နေတယ်။
ဦးမိုးမောင်မှာ ဌာနကပေးတဲ့လိုင်စင်သေနတ်ရှိတယ်။
တောခေါင်းတစ်ယောက်ဟာ သေနတ်ကိုင်ခွင့်ရှိသေးတာကိုး။
တောထဲသွားတဲ့အခါ မပါမဖြစ် လက်နက်ဖြစ်တယ်။
ဒါ့အပြင် သစ်တောကိုချစ်တဲ့ ဦးမိုးမောင်က အမဲလိုက်တာ ဝါသနာပါသူတစ်ယောက်လဲ ဖြစ်နေပြန်တယ်။
ဒီဝါသနာကြောင့်ပဲ မကြာ မကြာ တောပစ်ထွက်တယ်။
သေနတ်နဲ့ချည်းပဲတော့မဟုတ်ဘူး။
ဦးမိုးမောင်က ဒူးလေးလဲ ပစ်တတ်တယ်။
များသောအားဖြင့်က အမဲလိုက်ရင် ဒူးလေးနဲ့ပစ်ခတ်တတ်ပေမဲ့ သေနတ်ကလဲ တောထဲသွားတိုင်းယူသွားရတယ်။ ဒါ့ကြောင့် ဦးမိုးမောင်က သေနတ်ကို တိုက်ချွတ် သန့်ရှင်းနေတယ်။မစံပယ်က တားလွန်းလို့ အခုနောက်ပိုင်း လက်စွမ်းမပြရတာတော့ကြာပြီ။
တောလိုက်တာကို မစံပယ်ကမကြိုက်ဘူး။
ဦးမိုးမောင်ကလဲ တစ်နှစ်မှာ နှစ်ကြိမ်လောက်မှ တောမပစ်ရရင် မနေနိုင်ဘူး။
အမြဲလို တောပစ်တတ်တာတော့ မဟုတ်ပေမဲ့ ဝါသနာဆိုတော့လဲ တားရခက်သား။
ပြီးတော့.... ဒီတောကနက်တော့....တောကောင်ကပေါသည်လေ။
ဂျီ.... ဆတ်.... တောဝက်... ဒါတွေက ဦးမိုးမောင်ပစ်တတ်တဲ့တောကောင်တွေပါပဲ။
ယုန်ကတော့ ပေါတယ်။
ဖွတ်တို့ပဒပ်တို့ဆိုတာ ရွာထဲကလူတွေ အမြဲနှိုက်နေကျအကောင်ပါပဲ။
ရွာမှာက အသားဆိုတာ တောထဲက တောလိုက်လို့ရတဲ့အကောင်နဲ့ အိမ်မှာမွေးထားတာတွေကပဲ ရတယ်။
ကြက်....ဘဲတွေကို ရွာထဲကအိမ်တိုင်းလိုလိုမွေးတယ်။ အသီးအရွက်ကတော့ ရွာစပ် တောစပ်က ခူးပြီးချက်ကြရတာ။ ရွာရဲ့ ခပ်လှမ်းလှမ်းမှာ ချောင်းရှိတယ်။
ဒါကြောင့် ငါး ဖား ပုစွန်လဲပေါတယ်။

YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...