part(9)

1.7K 205 17
                                    

Unicode

မိုးသစ်တောနဲ့ကျော်ထက်ခဏလေး နားပြီးတာနဲ့ဆက်ပြီး လျှောက်ခဲ့ကြတယ်။

စမ်းချောင်းလေးကိုဖြတ်ကျော်ပြီး လျှောက်လာကြတယ်။ ကျော်ထက်က ဒူးလေးကို အသင့်ပြင်ပြီးကိုင်ထားတယ်။ ဒါကြောင့် မိုးသစ်တောကပဲ ကျော်ထက်ညွှန်တဲ့လမ်းကို ရှေ့ကနေသွားရတယ်.... ကျော်ထက်ရဲ့ဓားရှည်ကိုသုံးပြီး ခြုံနွယ်တွေကို ရှင်းပေးရတယ်။
ဒါ့အပြင် အပြန်လမ်းအတွက်လဲ သစ်ပင်ကြီးတွေကို ထစ်ပြီး အမှတ်အသားလုပ်ခဲ့ရသေးတယ်။

ခပ်ဖြေးဖြေးပဲ ထပ်ပြီးလျှောက်လာခဲ့ကြပေမဲ့ သစ်ခွပန်းပင်မျိုးစိတ် အသစ်မတွေ့တဲ့အပြင် ပန်းပင်ဆိုလို့ တောပန်းပင်လေးတွေကိုတောင် မတွေ့ရတော့ဘူး။
မြင်လေရာနေရာတိုင်းမှာ ပိန်းပိတ်နေတဲ့ခြုံနွယ်တွေနဲ့အတူ လူသုံးယောက်ဖက်စာရှိတဲ့သစ်ပင်အိုကြီးတွေကိုပဲ တွေ့ရတော့တယ်။

ရှေ့ကနေ ဓားတရမ်းရမ်းနဲ့သွားနေတဲ့ မိုးသစ်တောကို ပြန်ဖို့ပြောချင်နေပြီ... ဒါပေမဲ့ တစ်ခါတစ်ရံမှ ရတဲ့အခွင့်အရေးလေးနဲ့ ငယ်ငယ်ကတည်းက ဝင်ချင်ခဲ့တဲ့ တောထဲကို ရောက်နေတဲ့ မိုးသစ်တောက ခြေလှမ်းတွေမရပ်သလို လက်ကလဲ အားပါပါနဲ့ပဲ ခြုံတွေကိုရှင်းနေတယ်။

နေရောင်ကိုမော့်ကြည့်ပေမဲ့ မမြင်ရဘူး။
သစ်ပင်ကြားက ထွက်လာတဲ့နေရောင်ကိုကြည့်ပြီး အချိန်ကိုခန့်မှန်းရတယ်။
နေ့လည် နှစ်ချက်ကျော်လို့ သုံးချက်တီးကာနီးပဲနေမှာ။

"မိုးသစ်တော..."

"အေး....ပြော..."

"ဘယ်နှစ်နာရီ တီးပြီလဲကွ..."

"မိုးသစ်တောက လက်ကနာရီလေးကိုတစ်ချက်ကြည့်တယ်။

"သုံးနာရီထိုးဖို့ မိနစ်နှစ်ဆယ်"

"ဟေ့ကောင်.... တို့ ပြန်လှည့်သင့်ပြီကွ... အဖေက စောစောပြန်လာဖို့ မှာခဲ့တယ်လေကွာ..."

မိုးသစ်တော ခြေလှမ်းတွေကိုရပ်ရင်း တွေဝေနေရတယ်။ ဆက်ပြီးလဲ သွားချင်သေးတယ်။
​တောနက်လေလေ ပိုပြီး အရိုင်းဆန်တာတွေကို တွေ့ရလေပဲပေါ့။ တောနက်ထဲရောက်လာတောမှ... လူသူအရောက်အပေါက်ရှိတဲ့ တောစပ်နဲ့ တကယ့်တောထဲနဲ့က မြင်ကွင်းကအစ ပေါက်ရောက်တဲ့သစ်ပင်အဆုံး အားလုံးကွာနေတာ မြင်ရတယ်။
တောထဲကို သစ်ခွပန်းကြောင့် လာခဲ့ပေမဲ့ တကယ်တမ်းတော့ တောထဲမှာ အစစအရာရာ လေ့လာချင်စရာတွေ မှတ်တမ်းတင်ချင်စရာတွေသာ ဖြစ်နေတယ်။ အချိန်ကလဲ လင့်ပြီ။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now