part(33)

1.4K 168 20
                                    

Unicode

နေဝင်တော့မည်။
ဒီနေရာမှာ နားနေကြတာလဲ အချိန်ကြာခဲ့ပြီ။
ဟေဝန်က သက်သာသလိုတော့ဖြစ်လာနေပြီ။
သူတို့လဲ ဟေဝန့်ကိုသာ အာရုံစိုက်ကြသည်။

ဟေဝန်စားဖို့အတွက် ရှာဖွေသယ်ယူပေးသော သစ်သီးများစွာ..... သောက်စရာအတွက် ရေကိုလဲရှာဖွေပေးသည်။

"မို....."

ဟေဝန်က ဘေးမှာရှိနေတဲ့သူကို ဦးစားပေးပြီးအစားကိုကျွေးတယ်။ သူတို့အတွက် ဦးထိပ်ပန်ဆင်ပြီး ဂရုစိုက်ပေးနေတာက ဟေဝန်....
ဟေဝန် အရိပ်တကြည့်ကြည့်နဲ့ ပြန်ပြီးဂရုစိုက်ပေးနေတာက ထိုလူသား....
ဒါကြောင့် ဆရာ့ရဲ့ဆရာဖြစ်နေသော မိုးသစ်တော...
ဦးစားပေးခံရသူရဲ့ ဦးစားပေးခြင်းကို ပိုင်ဆိုင်သူ...
ဂရုစိုက်ခံရသူရဲ့ ဂရုစိုက်ပေးမှုကို ရရှိသူ....
မတူညီသော စကားတွေကြောင့် စကားတော့မပြောနိုင်ကြဘူးပေါ့။ ဒါပေမဲ့ သူတို့ရန်မူဖို့ နေနေသာသာ ထိခိုက်မှု တစ်စုံတစ်ရာမရှိအောင်ကာကွယ်ရမည်မှာ ထိုလူသားပဲဆိုတာ အလိုလိုသိပုံရသည်။

"ဟေဝန်ရော....စားလေ.... သက်သာလား.... အခု.... ဒဏ်ရာက သက်သာရဲ့လား"

"အင်း...."

သူတို့နှစ်ဦးကို ဝိုင်းကြည့်နေသော ကိုယ်ရံတော်များ....
မျောက်ဝံကြီးတစ်ကောင်က ဟေဝန့်ကိုပိုပြီးဂရုစိုက်သည်။ အသေးစိတ်သေသေချာချာကို ဂရုတစိုက်ရှိလှသည်။ ကျန်သော အကောင်ကြီးများက စောင့်ရှောက်ရန်သက်သက် လိုက်လာကြပုံပါပဲ။

အစားဝင်ပြီးတာနဲ့ ဟေဝန်ကို ဆေး​မြစ်တစ်ခုလဲ မျိုချခိုင်းထား တွေ့ရသည်။ ဟေဝန်က မျောက်ဝံကြီးနှင့် တော်တော်လေး ရင်းနှီးသည့်ပုံ။

ခဏနားပြီးတာနဲ့..... ဟေဝန်က သူ သက်သာပြီဖြစ်ကြောင်း မိုးသစ်တောခေါင်းကိုဖွဖွပွတ်သပ်ပြီး ပြောပြတယ်။

"ဟေဝန့် နေရာက လိုသေးတာလား..... ဆက်သွားရဆအုံးမှာပေါ့.... ဟေဝန် လမ်းလျှောက်နိုင်လို့လား"

ခေါင်းညိမ့်ပြတယ်..... ပြီးတော့ ထရပ်တယ်။
မိုးသစ်တောလက်ကိုတော့ လွှတ်မပေးပါ.... ဆုပ်ကိုင်ထားဆဲပါပဲ။

.
.
.
တလွှားလွှားပြေးနေတဲ့ ခြင်္သေ့ကြီးကြောင့် ပြုတ်ကျမှာကြောက်တယ်။
ခြင်္သေ့ကြီးရဲ့ကျောပေါ်မှာ ခွစီးရင်း အလျားလိုက်လှဲလျောင်းပြီး လိုက်ခဲ့ရတယ်။ တရိပ်ရိပ်ကျန်ခဲ့တဲ့ သစ်ပင်တွေ.... ပန်းအလှတွေကို ကြည့်ချိန်မရဘူး။
လည်ဆံမွှေးဖွားဖွားတွေကိုသာ လွတ်မထွက်သွားရအောင် တင်းတင်းဆုပ်ကိုင်ကာ ဖက်ထားရတယ်။
လူက မြင်းစီးသလိုလဲ ခါးကိုမတ်မတ်ထားပြီး မထိုင်ရဲဘူး။ အလျားလိုက်ကြီးသာ လှဲလျောင်းနေရတယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူOnde histórias criam vida. Descubra agora