Ring.... Ring....Ring....
မနက်စောစောမှာ ဖုန်းသံကြောင့်ဇုံဇုံနိုးလာတယ်။
ကုတင်ပေါ်ကနေ ချက်ချင်းထပြီးဖုန်းကိုင်တယ်။
ဖုန်းပြောပြီးတာနဲ့ ဇုံဇုံက ရေချိုးခန်းထဲကိုဝင်ပြီး ရေချိုး မျက်နှာသစ် တစ်ကိုယ်ရေသန့်ရှင်းရေးကို ခပ်သွက်သွက်လုပ်တယ်။
ညကတည်းက အဆင်သင့်ပြင်ထားတဲ့ ကျောပိုးအိတ်ကိုလွယ်ပြီး အောက်ထပ်ကိုဆင်းတယ်။ထမင်းစားခန်းထဲမှာ မေမေနဲ့မမြတ်တို့မနက်စာစားဖို့အတွက်ပြင်ဆင်ရင်း စကားပြောနေသံတွေ ကြားမိပေမဲ့ ဇုံဇုံ အပြင်ကိုခြေဖွပြီးထွက်ခဲ့တယ်။ ဖိနပ်ကိုသေချာမစီးရဘဲ အပြင်ရောက်အောင်အရင်ထွက်ခဲ့တယ်။ ခြံပြင်မှာတော့ ထက်ကောင်းတို့သူရတို့လူစုံပဲ ကားတစ်စီးနဲ့ ဇုံဇုံကိုစောင့်နေတယ်။
ညက သူငယ်ချင်းတွေတိုင်ပင်ဖြစ်ကြတယ်။
ဒီတိုင်းထိုင်ပြီး အခြေအနေကိုကြည့်နေဖို့သတ္တိမရှိတော့ဘူး။ ဘယ်နေရာမှာပဲပါဝင်ရသည်ဖြစ်စေ ဒီတိုက်ပွဲ ဒီတော်လှန်ရေးမှာ ပါဝင်ချင်နေကြပြီ။ ဘာကြောင့်ဆို လူငယ်တွေလေ။
မတရားမှုကိုလက်ပိုက်ကြည့်နေရတာဟာ မတရားမှုကိုတနည်းအားဖြင့် အားပေးအားမြှောက်ရာကျတယ်လို့ တစ်ဖွဲ့လုံးယူဆကြတာ တူတယ်။ ဒါကြောင့် လမ်းမပေါ်ကိုထွက်ဖို့တိုင်ပင်ဖြစ်ခဲ့ကြတာ။
မိန်းကလေးကိုဒီနေ့မလိုက်နဲ့အုံးလို့ပြောပေမဲ့ ဘယ်နေရာသွားသွား ဘာလုပ်လုပ်တူတူပဲဆိုတော့ သူတို့ကလဲ မနေခဲ့နိုင်ဘူးတဲ့လေ။ ဒါကြောင့် ကားတစ်စီးထဲမှာ တစ်ဖွဲ့လုံးပြွတ်သိပ်ပြီး လိုက်ခဲ့ရတယ်။ အေးလေးနဲ့ငုဝါဆိုရင် တစ်ယောက်ပေါင်ပေါ် တစ်ယောက်ထိုင်ကြလို့ပဲ။အိမ်ကလူကြီးတွေကိုရှင်းပြ ခွင့်တောင်းပြီး ထွက်ခဲ့ကြသူတွေရှိသလို တိုးတိုးတိတ်ိတ်ထွက်ခဲ့ရသူတွေလဲရှိတယ်။ အဓိကလူက သုတသုခဇုံပါပဲ။ အနုအယွလေး အထိမခံကြွေပန်းကန်လေး လေမထိနေမထိလေးအတွက် စိတ်ပူကြရတယ်။ ဇုံဇုံရဲ့ ကိုကိုကြီးက သူ့ညီကို အချစ်လွန်တယ်။ စိုးရိမ်တယ် စိတ်ပူတတ်တယ်။ ဒါကြောင့် မေမေရော ကိုကိုကြီးရောကိုရှောင်ပြီး ဇုံဇုံ ခိုးထွက်လာရတာ။ ပြန်ရင်တော့ တော်တော်ရှင်းပြရမယ်။ နေပါစေ.... ဇုံဇုံယုံကြည်ရာအတွက်ပဲ.... အဆင်ပြေအောင်ဖြေရှင်းရမှာပဲပေါ့။
YOU ARE READING
- နှလုံးသားစေညွှန်ရာ ... နာခံလေသော ချစ်သူ
General Fictionလူသားတစ်ဦးနှင့်.... မျိုးမတူသော သွေးနှောတစ်ဦးတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ချင်စိတ်နဲ့ ရေးပါတယ်။ ယုတ္တိမရှိနိုင်ပါဘူး။ လုံးဝမဖြစ်နိုင်တဲ့အကြောင်းအရာလို့လဲ ပြောလို့မရဘူး။ လူသားတွေအတွက် ထူးဆန်းတာထက်ပိုတဲ့အရာတွေက ရှာဖွေလေ တွေ့ရှိလေပါပဲ။ ပုံပြင် ဒ...