part(17)

1.7K 211 15
                                    

Unicode

သူ့ကိုကြည့်နေမိတယ်..... အချိန်တော်တော်ကြာတဲ့အထိပေါ့။
စကားမပြောနိုင်ဘူးလို့ သူကပြောတယ်။
ဒါပေမဲ့ စကားပြောတာထက်ပိုတဲ့ သူ့အကြည့်တွေကို အဓိပ္ပာယ်ဖော်နေမိတယ်။
သူက တော်တော်လေး တည်ငြိမ်နေပါတယ်။
တစ်ခုပဲ.... သူ့မျက်ဝန်းတွေကတော့ တစ်ခုခုကိုစိုးရိမ်နေတာမျိုး ရှိတယ်လို့ထင်မိတယ်။
ဘာလဲ.... သူစိုးရိမ်နေတာ ဘာများလဲ။

"ကျွန်တော်..... သတိမေ့နေတာ.... ဘယ်လောက်ကြာသွားလဲ"

သူက လက်သုံးချောင်းထောင်ပြတယ်။

သူကလေ.... မိုးသစ်တောပြောသမျှကို နားလည်တယ်။
ပြန်ပြီး မပြောတတ်တာ.... ဒါဆို သူက စကားမပြောတတ်သူတစ်ယောက်လား။

"သုံးနာရီလောက်ကြာသွားတယ်ပေါ့....နော်"

သူကခေါင်းခါပြတယ်။

"သုံးနာရီ မဟုတ်ဘူးလား.... ဒါဖြင့် သုံးရက်လား"

မယုံကြည်နိုင်လောက်အောင်ပဲ ဖြစ်သွားမိပြီး မိုးသစ်တောက လက်သုံးချောင်းထောင်ပြီး မေးလိုက်မိတယ်။
အဲ့တော့မှပဲ သူကခေါင်းညိမ့်ပြတယ်။
ဘုရားရေ.... သုံးရက်....သုံးရက်တိတိသတိမေ့ခဲ့တယ်ပေါ့လေ။
ဒါဆို ရွာကို ပြန်ရမှာပေါ့။ ရွာကို အဖေနဲ့အမေ ပြန်ရောက်လာပြီပဲ။ စိတ်ပူနေတော့မှာပေါ့။
မဖြစ်ဘူး..... ပြန်ရမယ်.... ပြန်မှရမှာပေါ့။

မိုးသစ်တောက ကတုန်ကရီနဲ့ထပြီး လမ်းလျှောက်ဖို့ပြင်တယ်။
ဘေးကကျောပိုးအိတ်ကိုလဲ ဆွဲယူတယ်။
သူက မိုးသစ်တောရဲ့ လှုပ်ရှားမှုတွေကို ငေးပြီးကြည့်နေတယ်။ သူကတော့ ဒီတိုင်းထိုင်နေဆဲ။
သူ့ပုခုံးတွေကို အားပြုပြီး မိုးသစ်တော ထ ရပ်တယ်။
သူက အလိုက်သင့်လေးပဲ မိုးသစ်တောလက်တွေကို ဆွဲထူပေးတယ်။
မိုးသစ်တောက မတ်တပ်ရပ်လိုက်ပေမဲ့ သူကဆက်ပြီး ထိုင်နေဆဲပါ။

"ကျွန်တော်တို့ ရောက်နေတာ ဘယ်နေရာလဲ.... ကျွန်တော် အိမ်ကိုပြန်ဖို့လိုတယ်.... အမေစိတ်ပူမယ်"

သူမျက်ဝန်းမှာ မျက်ရည်တွေဝိုင်းလာသလိုမြင်မိတယ်။

သူ မိုးသစ်တောကို ကြည့်နေတယ်။
သူ့အကြည့်တွေက သနားဖို့ကောင်းလွန်းလို့ မိုးသစ်တော ဆက်ပြီးခြေလှမ်းမလှမ်းနိုင်သေးဘူး။
သူကမှ မကူညီရင် လမ်းလျှောက်ဖို့လဲ ခက်ခဲနေတာပေါ့။ ဂူကျဥ်းကျဥ်းလေးထဲမှာတောင် မနည်းကြိုးစားပြီး လျှောက်နေရတာလေ။ တောကြီးထဲမှာ ဘယ်လိုတစ်ယောက်ထဲ အိမ်ကိုပြန်ရပါ့မလဲ။ ပြီးတော့ အခုလက်ရှိရောက်နေတဲ့နေရာကိုလဲ လုံးဝ မသိဘူးလေ။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now