part(40)

1.5K 161 25
                                    

Unicode

မိုးကောင်းကောင်းရွာတဲ့နေ့ဟာ မိုးရေချိုးဖို့အကောင်းဆုံးနေ့ပဲလေ။

မိုးသံတချိမ်းချိမ်းကြားတာနဲ့ဂူပြင်ကိုထွက်ဖို့ ပြင်နေတဲ့မိုးသစ်တော.... ဖင်တကြွကြွနဲ့....

ထွက်ရကောင်းနိုး.... မထွက်ရကောင်းနိုး ဖြစ်နေတာက အကြောင်းရှိတယ်။ ဟေဝန် မရှိဘူး။
ဟေဝန့်က စားဖို့သောက်ဖို့အတွက်အသီးအနှံခူးဖို့ ထွက်သွားတယ်။ မိုးရွာလို့ တစ်နေရာရာမှာ ခိုနေတယ်ထင်တယ်။ အဲ​တော့ မိုးမစဲရင် ဟေဝန် ပြန်မလာသေးဘူးလို့ တွက်ဆလို့ရတယ်။ ဟေဝန်က သူမရှိတဲ့အချိန် ဂူပြင်ထွက်တာကို တားမြစ်ထားတယ်။
ဒါကြောင့် ထွက်ရကောင်းနိုး မထွက်ရကောင်းနိုး​ဖြစ်နေတာ။
ကွယ်ရာမှာ ခိုးလုပ်ရမှာမို့ နည်းနည်းတော့တွေဝေမိတယ်။
မိုးရွာသံကြားတော့ ဂူပြင်ပြေးထွက်ပြီး မိုးရေထဲပြေးချင်တာကလဲ ထိန်းမရတော့ဘူး။ ဂူဝကို ပြေးထွက်လိုက် ဂူထဲကိုပြန်ဝင်လာလိုက်နဲ့ တစ်ယောက်ထဲ ဖြစ်နေတာ။ မိုးကတဖြည်းဖြည်းသည်းလာတယ်။

ဖြစ်ချင်ရာဖြစ်ကွာ..... ပြီးမှ ချော့မယ်။

အဝတ်ကိုချွတ်လိုက်တယ်။ဝတ်ထားတဲ့ ဂျင်းဘောင်းဘီရှည်ကိုချွတ်ပြီး သားရေချပ်တစ်ခုဝတ်လိုက်တယ်။
ကိုယ်တိုင်ချုပ်လုပ်ဖန်တီးထားတဲ့ သားရေချပ်ပဲ။

သူတော်စင်ကြီးရဲ့ ငွေသေတ္တာလေးထဲမှာ အပ်နဲ့တူတဲ့ သတ္တုချောင်းလေးရှိတယ်။ အပ်ထက်ကြီးတယ်.... ချွန်မြနေတာပဲ... ဒါက သူတော်စင်ကြီးက အပ်လိုအသုံးပြုဖို့ ယူလာတဲ့ပစ္စည်းဖြစ်မယ်ထင်တယ်။
အပ်တွေ့တော့လဲ ချုပ်ရတာပေါ့... ဟေဝန်ရှာပေးတဲ့ လျှော်​တွေကို ကြိုးမျှင်လေးတွေရသည်အထိ စိတ်ရှည်ရှည်မျှင်ပြီး နေလှမ်းထားတယ်။
ကြိုးမျှင်လေးတွေရရင် သတ္တုချောင်းလေးမှာတပ်ပြီး အဝတ်ချုပ်သလိုချုပ်လို့ရတယ်။
ဟေဝန့်အတွက်ရော ကိုယ့်အတွက်ပါ မိုးသစ်တောချုပ်ထားတာ။
သား​ရေချပ်ကို ဓားနဲ့ဖြတ်တောက်ပုံဖော်ပြီး ဘောင်းဘီလိုပုံစံဖြစ်အောင် ချုပ်တာပေါ့။
စကားသင်တဲ့အချိန်တွေမှာ တူတူချုပ်ရင်းနဲ့ နှစ်ထည်ရပြီ။

အဲ့ဒီသားရေချပ်ဘောင်းဘီကို ဝတ်ပြီး ခါးမှာလျှော်ကြိုးကိုကျစ်ပြီးလုပ်ထားတဲ့ကြိုးနဲ့ ချည်လိုက်တယ်။
ခေါင်းပေါ်မှာတော့ ဖက်ရွက်ကိုတစ်ရွက်ချင်းထပ်ကာစီပြီး ဝါးချွန်ချောင်းသေးသေးလေးတွေနဲ့ ထိုးပြီးသီထားတဲ့ ဖက်ဦးထုတ်ကိုဆောင်းတယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now